ဆက်မရေးနိုင်တဲ့အလွမ်းကဗျာ

February 16, 2010 at 5:52 am | Posted in ကဗျာ | Leave a comment

ဘာပဲရေးရေး အလွမ်းကဗျာပဲဖြစ်လာတယ်
ဘာပဲပြောပြော အလွမ်းတွေအကြောင်းပဲ
ဘာပဲလုပ်လုပ် အလွမ်းတွေသာကြီးစိုးနေတယ်

ဂစ်တာတီး၊ သီချင်းညည်းရင်
အလွမ်းခရီးသည် သီချင်းက
နှလုံးသားကနေ အလိုလိုထွက်ကျခဲ့တယ်

သတိရခြင်းနဲ့ လွမ်းခြင်းတွေသာ
အချိန်ပြည့် နေရာယူထားလို့
နှလုံးသားတစ်ခုလုံး နှုန်းခွေပင်ပန်းနေတယ်ချစ်သူရယ်

လှပတဲ့ရှုခင်းတွေမြင်လည်းလွမ်း
သစ်ရွက်ခြောက်လေးမြင်လည်းလွမ်း
နောက်ဆုံး လေတိုက်ရင်တောင်လွမ်း

အလွမ်းတွေများ ပြေလျှော့မလားလို့
အလွမ်းကဗျာရေးမိပါတယ်
ပိုလွမ်းလာလို့ စကားလုံးတွေရှာမရ
ဆက်ရေးဖို့ အင်အားမရှိအောင်
လွမ်းတယ်ချစ်သူရယ်

ဆူးရာ

Advertisements

နေရောင်ထဲကပန်းကလေး

February 16, 2010 at 1:45 am | Posted in ကဗျာ | Leave a comment

မှန်နံရံလေးဘက် ကာထားတော့
ငါကိုယ်တိုင် ပိတ်မိနေမှန်းမသိဘူးပေါ့

မှန်ပါတယ် ——————-
မင်းကသာ နေရောင်ခြည်အောက်မှာပွင့်လန်းပါ
ငါ ကြည့်ခွင့်ရယုံနဲ့တင် ကျေနပ်တယ်

အကယ်၍များ ခူးဆွတ်သူလာရင်
ငါမမြင်ချင်ယောင်ဆောင်နေလိုက်မယ်

ဆူးရာ

အိပ်တန်းတက်ငှက်ငယ်

February 12, 2010 at 5:18 pm | Posted in ကဗျာ | Leave a comment

အိပ်တန်းတက်ငှက်ငယ်

အိမ်ပြန်ချိန် အိပ်တန်းတတ်ငှက်ငယ်ရယ်
ချီယူလာတဲ့ အတိတ်တွေကိုလွတ်ချလိုက်ပါကွယ်

မေတ္တာနဲ့သီဖွဲတဲ့ သံစဉ်တွေကိုသာ
ယူဆောင်လို့ မှေးစက်ရာ
အိပ်တန်းဆီသို့ အရောက်လှမ်းခဲ့ပေါ့ကွယ်

နေညိုချိန်ဆည်းဆာနဲ့ အညိုရောင်တောင်တန်းတွကို
အုပ်မိုးလို့ စီးမျှောနေတဲ့ လေအဟုန်နဲ့အတူ
အားစိုက်လို့ပျံသန်း…………..

အမှောင်တွေအုပ်စိုးလို့ နေမဝင်ခင်
ဒီရင်ခွင်ကို ခိုကိုးဖို့
အသင့်ရှိနေမယ်
ငှက်ငယ်ရယ်…..

ဆူးရာ

အရှုံးတွေကိုမိတ်ဖွဲ့တဲ့အလွမ်း

February 10, 2010 at 2:26 pm | Posted in ကဗျာ | Leave a comment

ရာသီနဲ့ ကိုက်ညီအောင်လွမ်းတတ်တဲ့
ဥသြတောင် ငါ့ကိုမမှီဘူးဆို
ငါကတရားဝင်လွမ်းခွင့်မရှိဘူး
နွေဥသြရယ်

အာခေါင်တွေခြောက်လို့
ငါ့အတ္တကို အကြိမ်ကြိမ်
မျိုချလည်း
နှလုံးသားက အလွမ်းတွေနဲ့တွေ့ရင်
ရှဲ…..ကနဲမြည်အောင်
အငွေ့ပျံလွင့်ပျယ်သွားတယ်ကွာ

အားနာပါတယ်….
ကောင်မလေး
ငါခဏတော့
အနီရောင်တီရှပ်လေးကို
လွမ်းမယ်

တိုက်ဆိုင်စွာများ
ဥသြဆိုတဲ့အသံကြားရင်
ကောင်းကင်ကို
မျက်နှာအပ်ပြီး ငိုလိုက်မယ်

အရှုံးတွေကို မိတ်ဖွဲ့မိတဲ့ အလွမ်း
အတွက် ငါရင်မောလို့
အသက်ရှုတောင်မ၀တော့ဘူး

အတ္တကို လူမမြင်အောင်
လှလှလေးထုတ်ပိုးပြီး
သိမ်းထားလိုက်တော့မယ်

ဆူးရာ

အတိတ်ပုံဖော်ခြင်း

January 18, 2010 at 9:09 pm | Posted in ကဗျာ | Leave a comment

ကျွန်တော်မသိနိုင်ခဲ့သော အတိတ်
ကျွန်တော်မသိနိုင်သေးသော အနာဂါတ် နှင့်
ကျွန်တော့် သိနေသော ပစ္စုပါန် အချိန်အားလုံးကို
သူ့လက်သို့ အပ်နှင်းထားလိုက်ပြီ

——————- ♥♥♥ ——————–

အကောင်းဆုံးဖြစ်အောင်ကြိုးစားနေခြင်းလား
မထူးဇာတ်ခင်းနေခြင်းလား
????????????????????????????????

နောင်တကိုမုန်းတီး
ဆုပ်ကိုင်ထားရခြင်းကိုလည်း ဆက်ဆုပ်ရွံရှာမိ
ဆက်သွားမဲ့ခရီး
ဆုံးဖြတ်ချက်ချချိန်မှာ
ဆူးလမ်း မှန်းသိလိုက်ရလို့
စိန်ခေါ်မှုတွေ
စီးချင်းတိုက်ပွဲတွေ
ဆာလောင်မှုတွေ
အင်း……
ငါရောင့်ရဲတင်းတိမ်ရတော့မှာပါလား

ငါလက်ဗလာဟာ
ငါသိမ်းထားတဲ့ အတ္တတွေနဲ့ပဲ
ပြည့်နေပြီ-= လို့သိလိုက်ချိန်
ဓါးတလက်လွတ်ကျခဲ့မှန်း
သတိရမိတယ်
———–
========

ငါသိပ်အတ္တကြီးတဲ့
သတ္တ၀ါတစ်ကောင်ပဲ

ဆူးရွှာ

ဝိရောဓိဘဝ

December 7, 2009 at 6:06 am | Posted in Uncategorized | Leave a comment

ဝိရောဓိဘ၀ ဒီနေ့ ကျွန်တော်တို့မှာ Aိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။Aဆင်ပြေမှုတွေ

ပိုများလာတယ်၊ ဒါပေမယ့် Aချိန်တွေ နည်းကုန်ကြတယ်။ ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျAသိတွေ နည်းလာတယ်။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ Aမှုမဲ့Aမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ ရယ်တာတော့ Aတော်နည်းသွားပြီ။ ကားမောင်းတာ Aတော်မြန်လာကြတယ်။ ဒေါသဖြစ်ဖို့ Aတော်လေးမြန်လာပြီ။ Aိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ Aတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ Aတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ Aတော်နည်းလာပြီ။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။ ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေေAာင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။ ကျွန်တော်တို့ နေထိုင်ဖို့Aတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀Aတွက်မဟုတ်ဘူး။ ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀Aတွက် သက္ကရာဇ်တွေကို Aသုံးမချနိုင်ဘူး။ ကျွန်တော်တို့မှာ ကြီးမားတဲ့Aဆောက်AUီးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ Aတော်သေးကွေးလာတယ်။ ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် Aမြင်တွေ ရှုထောင့်တွေ

သေးသိမ်လာတယ်။ ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။ ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ Aတော်နည်းတယ်။ ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။ ဒါပေမယ့် လမ်းကူးပြီး Aိမ်နီးနားချင်းဆီသွားဖို့ Aတော်ခက်နေတယ်။ ကျွန်တော်တို့ Aပြင်Aာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် Aတွင်းAဇ္ဈတ္တကို မပိုင်နိုင်ဘူး။ ကျွန်တော်တို့ Aက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Aာဂါတ တရားကို မဟုတ်ဘူး။ ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။ ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။ ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။ ကျွန်တော်တို့ သတင်းAချက်Aလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။ ဒါပေမယ့် Aဆက်Aသွယ်တော့ နည်းလာကြတယ်။ ကျွန်တော်တို့ Aရည်Aတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် Aရည်Aသွေး နည်းနည်းနဲ့။ Aသင့်စားAစားAစာတွေ ခေတ်စားနေတယ်။ Aစာချေဖျက်နိုင်မှုက Aတော်နှေးလာတယ်။ လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။ Aားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။ AစားAစာAမျိုးAစားများလာပေမယ့် Aဟာရတွေနည်းလာတယ်။ နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။ လှပတဲ့ Aိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ Aိမ်ထောင်တွေနဲ့။

ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့AခြေAနေAတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။ AသိတရားAတွက် ရှာဖွေပါ။ စာများများဖတ်ပါ။ သင့်Aိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုAပ်ချက်တွေကို Aာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေ Aတွက် Aချိန်များများ သုံးပါ။ သင်ကြိုက်တဲ့ AစားAစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။ ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ Aသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။ သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို Aခုပဲသုံးလိုက်ပါ။ နောက်ပြီး သင်လိုမယ်ထင်တဲ့Aချိန်တိုင်းမှာ သုံးပါ။ သင်ရဲ့ Aဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရေAာင်။ သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀Aမောပြေစေမယ့် AရာတွေAားလုံးကို နောက်မကျပါစေနဲ့။ နေ့တိုင်း၊ Aချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။ နောက်ပြီး Aဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။ Aကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ Aချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့ ကျွန်တော့ကို ယုံပါ။ Aဲဒီတစ်နေ့နေ့ဆိုတဲ့ Aချိန်မှာ ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

—————————————————————————————————

်forward mail ကရတာလေးပါ…မူရင်းရေးသားသူဘယ်သူလဲတော့မသိဘူး…ဒီ Post လေး
ဖတ်ပြီး ရင်ထဲတစ်ခုခုရောက်သွားမယ်ဆိုရင် မူရင်းရေးသားသူရဲ့ ပြောဆိုသမျှကို ခံရကျိုးနပ်
ပါပြီ…မူရင်းရေးသားသူကိုလဲ ဒီကနေကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ…
ကျေးဇူးတင်ပါတယ်…

သာပြည့်ဖြိုး

မေးခွန်းမေးသောဖေဖေ

November 20, 2009 at 6:38 am | Posted in Uncategorized | Leave a comment

နံနက် ရှစ်နာရီခန့် ကျွန်တော်တို့ မိသားစုတွင် အဖေရုံးမသွားမှီ၊ အမေဈေးမသွားမှီ၊ ကျွန်တော်ကျောင်း မသွားမှီ နံနက်စာစားရင်း ကျွန်တော့်အိပ်မက်တွေအကြောင်းကို ပြောပြလေ့ရှိသည်။ ငယ်စဉ်ကတည်း က ယခု အသက် (၁၆) နှစ်တိုင်အောင် ပုံမှန်လုပ်နေကြအလုပ်များထဲတွင် ကျွန်တော့် အိပ်မက်၊ စိတ်ကူးများကို ဖွင့်ဟခြင်းလည်းပါဝင်သည်။
ထိုသို့ ကျွန်တော်ပြောပြီးတိုင်း၊ ကျွန်တော်သိချင်သော မေးခွန်းများကို အဖေက မေးခွန်းများဖြင့်သာ ပြန်ဖြေလေ့ရှိသည်။ ကျွန်တော်တို့ကိုလည်း ငယ်စဉ်ကတည်းက မေးခွန်းများ မေးတတ်အောင်၊ မေးခွန်းများနှင့်ရင်းနှီးအောင် သင်ပေးလေ့ရှိသည်။ အဖေပြောသော စကားတစ်ခွန်းရှိသည်။
-သား၊ နယူတန်က ဘာ့ကြောင့်အမ္ဘာ့ဆွဲအားကို သိတာလဲ-
-ပန်းသီးကြွေတာ မြင်လို့ပေါ့ အဖေရ-
-ပန်းသီးကြွေတာမြင် တဲ့လူအများကြီးမှာမှ သူကဘာကြောင့် ကမ္ဘာ့ဆွဲငင်အားနိယာမကို ဖော်ထုတ်နိုင် တာလဲဆိုတာ သားစဉ်းစားမိရဲ့လား-
ကျွန်တော် အဖေပြောမှ စဉ်းစားမိသည်။ ထိုအချိန်က နယူတန်၏ ခေါင်းထဲတွင် ကမ္ဘာ့ဆွဲငင်အားနှင့် ပက်သက်သော မေးခွန်းပေါင်းများစွာ ရှိနေပေလိမ့်မည်။ ထိုမေးခွန်းများအတွက် သူအရာရာကို ကြည့်မြင်တိုင်း လူအများနည်းတူ အပေါ်ယံမကြည့်၊ အတွင်းထဲသို့ နှိုက်နှိုက်ချွတ်ချွတ် တွေးနိုင် ကြည့်နိုင်၍သာ ကမ္ဘာ့ဆွဲငင်အားနိယာမ တရားကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော
-သားသိပြီဖေဖေ၊ သူမှာ နဂိုကတည်းက မေးခွန်းတွေခေါင်းထဲရှိနေပြီးသားမို့လို့ပေါ့-
-ဒါပေါ့သားရယ် ပင်နီစလင်ကို တွေ့ခဲ့တာလည်း ဒီတိုင်းပဲပေါ့သားရယ်-
-အဖြေဆိုတာ သူများရှာဖွေတွေ့ရှိပြီးသားတွေပဲ၊ သားအဖြေတွေကိုသိဖို့လိုအပ်သလို၊ အဲဒီအဖြေတွေ ပေါ်မှာထပ်ဆင့်မေးခွန်းထုတ်နိုင်တဲ့လူတစ်ယောက် ဖြစ်ဖို့လိုတယ်သား-
-ဘာကြောင့်ဒီလိုပြောသလဲဆိုတော့၊ အဖြေတစ်ခုဟာ အခြေအနေတစ်ခုမှာ မှန်နေနိုင်ပေမဲ့၊ အခြား အခြေအနေတစ်ခုကို ရောက်တဲ့အခါလွဲသွားနိုင်တယ်။ သိနေပြီးသော အဖြေတစ်ခုကို ဒါမှမဟုတ် အမှန်တရားတစ်ခုကိုလည်း အသေကိုင်စွဲမထားမိဖို့က လည်းအလွန်အရေးကြီးတယ်သား-
-အခုအဖေပြောတာတွေကလည်း အဖေ့ဘ၀အတွေ့အကြုံအရ သိလာတာလေးတွေကို ဖောက်သည် ချတာ၊ သားကိုယ်တိုင်မှန်လားမှာလားဆိုတာ မေးခွန်းထုတ်ကြည့်၊ ဟုတ်ပြီလား-
-ကဲ အဖေအလုပ်သွားတော့မယ်-
-ဟုတ်ကဲ့ ဖေဖေ-
အခုလို မေးခွန်းတွေမေးတတ်အောင် လမ်းညွန်ပေးခဲ့တဲ့ အဖေဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီလောကကြီးကို အပြီးအပိုင်ခွဲခွာသွားခဲ့ပါပြီ။ ခုတော့ အရမ်းဆန်းကြယ်ရှုပ်ထွေးတဲ့ ဒီလောကကြီးမှာ ကျွန်တော်မေးခွန်းပေါင်းများစွာနဲ့ကျန်ရစ်ခဲ့ပါတယ်။ ဒီမေးခွန်းတွေကပဲ ကျွန်တော်ကို လမ်းညွန်ပေး ခဲ့တာပါ။ ကျွန်တော်မေးခွန်းတွေကို ဆက်မေးနေပါအုံးမယ်လို့လည်း အဖေ့ကို စိတ်ထဲကနေ ကတိပေးနေမိပါတယ်။

သာပြည့်ဖြိုး

အတ္တနှင့် ဆေးသကြား….

November 3, 2009 at 2:52 pm | Posted in Uncategorized | Leave a comment

ကျွန်တော်ကတော့ အတ္တကို ဆေးသကြားခဲနှင့် နှိုင်းချင်ပါသည်။ ဆေးသကြားကို လိုအပ်သလောက်ပဲသုံးမည်ဆိုလျှင် ထိုအစားအ
သောက်က စားလို့ကောင်းပါသည်။ သူ့ချည်း သက်သက်ဆိုရင်တော့ ခါးပါသည်။ များလွန်းလျှင်ခါးမည်။ လုံးဝမသုံးလို့တော့မရ။ အဘယ်
ကြောင့်ဆိုသော် ကျွန်တော်တို့ လူ့လောက၊ လူ့အသိုင်းအ၀ိုင်းတွင် ကျင်လည်ကြရသည့် ပုထုဇဉ် လူသားများ ဖြစ်သောကြောင့် အတ္တနှင့်
ကင်းမည်မဟုတ်။ ဆရာကျော်ဝင်းဘာသာပြန်သည့်7 Habits မူရင်းစာရေးဆရာSEAN COVEYရေး
သားသော စာအုပ်လေးမှာ ပါသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါသည်။ မူရင်စာရေးသူ SEAN COVEY ကိုယ်တိုင်
ကလည်း ဘရုစ်ဘာတန် ၏ (THE MAN NOBODY KNOWS) ဆိုသည့် စာအုပ်ထဲမှ ထုတ်နုတ်ထားခြင်းဖြစ်သည်။

ပါလက်စတိုင်းဒေသတွင် ပင်လယ်နှစ်စင်းရှိပါသည်။ တစ်ခုသော ပင်လယ်တွင် အေးမြကြည်လင်သော ရေအယဉ် ရှိ၏။ စိမ်းစိုလန်းဆန်းသော ကမ်းနဖူး ရှိ၏။ ငါးမျိုးစုံတို့ရှင်သန် ကျက်စား ရာဖြစ်သလို၊ ကမ်းစပ်သစ်ပင်အားလုံး၏ ရေကြည်ပေးရာအေးမြကန်
သာ ဖြစ်ပါ၏။ လူတို့က ဤပင်လယ်ကို နှစ်လိုဖွယ်ရှိသောပင်လယ် (THE SEA OF CALILIE) ဟုခေါ်ကြသည်။

တစ်ခုသော ပင်လယ်တွင်မူ ညိုညစ်သော ရေပြင်အတိ ပြီး၏။ ခြောက်သယောင်းသော ကမ်းပါးတို့ဖြင့် ၀န်းရံ၏။လေပြည်မညင်း၊ ငါး
တို့မပျော်၊ သတ္တ၀ါအပေါင်းတို့ ရှောင်ကွင်းခြင်းပြုကြ၏။ လူတို့က ဤပင်လယ်ကို မရဏပင်လယ် (DEAD SEA) ဟုခေါ်ကြသည်။

ဂျော်ဒန်မြစ်ရေသည် အဆိုပါပင်လယ်နှစ်ခုသို့အညီအမျှစီးဝင်ပါသည်။ သို့နှင့်တိုင်ပင်လယ်နှစ်ခုမှာခြားနားလွန်းနေပါ၏။ အသို့နည်း။
နှစ်လိုဖွယ်ပင်လယ် ကမြစ်ရေကို လက်ခံသည်နှင့်အမျှ ပြန်ထုတ်ပေးသည်။ အ၀င်နှင့် အထွက်ညီမျှနေရာ ထာဝစဉ် စီး
ဆင်းနေပြီး ကြည်လင်နေခြင်း ဖြစ်ပါသည်။ မရဏပင်လယ်ကမူမြစ်ရေကိုလက်ခံရုံသာရှိပြီးပြန်လည်မဝေမျှ။ တွန့်တိုစွာ သိမ်းဆည်းထား
သည်။ သို့ဖြင့် ရေသေတို့ သဘာဝအတိုင်း မှုံမှိုင်းအုံ့ဆိုင်းနေခြင်းဖြစ်ပါသည်။

သင်ကိုယ်တိုင်ရွေးချယ်မည်ဆိုလျှင် မည်သို့သော ပင်လယ်ဖြစ်လိုပါသနည်း။

ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာလည်း မရဏပင်လယ်လို လူများစွာကို တွေ့ရှိရပါသည်။ အ၀င်ပဲလက်ခံသည် အထွက်မရှိ။ အယူပဲ
ရှိသည်၊ အပေးမရှိ။ တချို့တွေကတော့ ဆင်ခြေပေးချင်ပါသည်။ ကိုယ်ကပြည့်မှ သူများကို ဖြည့်လို့မယ် ဆိုတာမျိုးပေါ့။ ကိုယ်ကပြည့်မှ
ဆိုတော့ ကျွန်တော်တို့လူသားများ၏ လိုအင်ဆန္ဒများသည် အဆုံးရှိသလားဟု မေးချင်ပါသည်။ ကျွန်တော်တို့လိုအင်ဆန္ဒများသည် အ
ဆုံးမရှိပါ။ ဒါလေးမရခင်က ဒါလေးရရင်တော်ပြီဟုပြောသည်။ ဒါလေးလဲရရော ဟိုဟာလေးပါရရင်ပိုအဆင်ပြေမည်ဟု တွေးကြပြန်
သည်။ ရယူလိုက်လို့ ပျော်ရွင်သည့် အပျော်နှင့် ပေးဆပ်လိုက်လို့ ရသည့် ပီတီကပိုချိုမြိန်ပါသည်။ ဒါကိုဆရာဖေမြင့်၏ နှလုံးသားအ
ဟာရစာအုပ်ထဲတွင် ဖတ်လိုက်ရသော အကြောင်းအရာလေး တစ်ခုကို ဖောက်သည်ချချင်ပါသေးသည်။ သိပ်အတိ အကျတော့ မမှတ်
မိတော့ပါ။

အထက်တန်းကျောင်းအတူတူ တက်နေသော သူငယ်ချင်းနှစ်ယောက်ရှိပါသည်။ တစ်ယောက်ကချမ်းသာသည်။ တယောက်က
ဆင်းရဲသည်။ တနေ့ ဆင်းရဲသော သူငယ်ချင်းထံသို့ ချမ်းသာသော သူငယ်ချင်း ကား အသစ်တစ်စီးကို မောင်း၍ ရောက်လာသည်။
သူတို့ ကားအတူတူ စီး၍ မြို့အနှံ့လျှောက် မောင်းကြသည်။ ဆင်းရဲသားကောင်လေးက ကားလျှောက်မောင်းသည့် တလျောက်လုံး
တွေးတော၊ မှိုင်တွေ၍ လိုက်လာသည်။ ချမ်းသာသော ကောင်လေးက ဘာလဲ မင်းဒီလိုကားမျိုးလိုချင်လို့လား ဟုမေးသည်။
ထိုအခါ ဆင်းရဲသားကောင်လေးကဤသို့ပြန်ဖြေလိုက်သည် မဟုတ်ပါဘူးကွာ၊ငါညီလေးကို ဒီလိုကားမျိုးဝယ်ပေးချင်လို့တွေးနေတာ
ပါ၊ ငါညီလေးသာ ဒီလိုကားမျိုးရရင် တော်တော်ပျော်မှာ ဟုပြုံးပြီးတော့ ပြောလိုက်သည်။

ကိုယ့်မိဘအတွက်၊ ကိုယ့်မောင်နှမတွေအတွက်၊ ကိုယ်အသိုင်းအ၀ိုင်းအတွက်၊ ကိုယ့်ရပ်ကွက်အတွက်၊ နောက်ဆုံး ကိုယ်ကမ္ဘာကြီး
အတွက် ဆိုပြီး ဘာမျှော်လင့်ချက်မှ မထားပဲ အလုပ်တစ်ခုလောက်လုပ်ကြည့်ပါ။ ကိုယ်လုပ်တာလူအများကြီးသိဖို့ မလိုအပ်ပါဘူး။
ကိုယ်လုပ်သော အလုပ်အတွက် ဂုဏ်ယူဝင့်ကြွားစွာပြောဖို့ မလိုအပ်ပါဘူး။ ကိုယ့်လုပ်တာ ကိုယ်သိဖို့ နှင့် ကိုယ် စိတ်ကိုယ်သန့်ဖို့ပဲ
လိုအပ်ပါသည်။ သင်မျှော်လင့်ချက်မထားပေမဲ့ သင်မမျှော်လင့်သော အရာများ သင့်ဆီဆိုက်ရောက်လာပါလိမ့်မည်။

ဤစာကိုဖတ်ပြီး ပေးဆပ်တတ်သူတစ်ယောက်ဖြစ်အောင် အခုပဲစပြီးလုပ်ဆောင်မည်ဟု စိတ်ကူးလေးတစ်ချက်ရလျှင်ပင် စာ
ရေးရကြိုး နပ်ပြီဖြစ်ပါကြောင်း………….

ကျွန်တော်ရေးသည့် အကြောင်းအရာကို ကြားဖူးသည့် လူများလည်းရှိပါမည်။ မသိသေးသောသူများလည်းရှိပါလိမ်မည်။ မည်သို့ပင်
ဆိုစေ စိတ်ကြိုက်ကွန်မန့်ပေးနိုင်ပါသည်။ ညစ်ညမ်း စာသားများမှလွဲ၍

လွင်ပြင်

နောင်တ

October 8, 2009 at 4:41 am | Posted in Uncategorized | Leave a comment

ဘ၀မှာ အကြိမ်ကြိမ်မှားယွင်းခဲ့ သမျှတွေကို ခံစားဖို့ အတွက် ရောက်ရှိလာတဲ့ နောင်တဆိုတာကို မသိသလိုနေလိုက်တာ ရက်၊ လ၊ နှစ်တွေ
ကြာပြီပေါ့………..တကယ်ကို ကို နောက်တဆိုတာ မုန်းတီးခဲ့တာပါ……..အခုတော့ ကျွန်တော် ပထမဆုံးအကြိမ် နောင်တဆိုတာကို ထွေးပိုက်
မိပါတယ်…………မျှော်လင့် မထားပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန် လာလိမ့်မယ်လို့တော့ ဘယ်တုန်းက မှမျှော်လင့်မထားမိတာ အမှန်ပဲ……..
ဆက်ရေးဖို့အင်အားမရှိလို့ ဒီတိုင်းပဲထားလိုက်တော့မယ်……….

သာမာန်မဟုတ်သော G Talk ဇတ်လမ်းတစ်ပုဒ်

October 2, 2009 at 10:47 am | Posted in Uncategorized | 1 Comment

Cool Wallpapers [from www.metacafe.com] #3
၂၀၀၆ ခုနှစ် စက်တင်ဘာ ၅ ရက်
အလုပ်ပိတ်ရက် Sunday နံနက်ခင်းအားလပ်နေသဖြင့် နံနက်စာစားပြီးနောက် Internet ဆိုင်သို့ခြေဆန့်ခဲ့ပါ
သည်။ထုံးစံအတိုင်း Mail စစ်၊Facebook သုံး၊Blog လေးနည်းနည်းပါးပါးရေးနှင့် အချိန်ဖြုန်းနေလိုက်သည်။
Gtalk ကိုဖွင့်ကြည့်လိုက်တော့ ကိုယ်နှင့်သိတဲ့သူတစ်ယောက်မှမရှိ။ထိုနေရာ၌ ကျွန်တော့်၏ အကျင့်တစ်ခု
ကိုပြောပြရန်လိုသည်။ကျွန်တော့်ကို Invite လုပ်ရင် မည်သူဖြစ်ဖြစ်လက်ခံလိုက်ပြီး အသိဖြစ်လျှင် စကားပြော
၍ မသိသူဆိုလျှင် Hi,How r u လောက်နှင့်ပြီး၍ စကားဆက်ကပြောဖြစ်သည်ကများသည်။ကြာလာတော့သူ့
ဖက်ကလည်း စကားမပြော ကိုယ့်ဖက်ကလည်းပြန်မပြာနှင့် online မှာလူတွေအများကြီးရှိလျှက် စကားပြော
မည့်သူမရှိဖြစ်နေခြင်းဖြစ်သည်။အခုတော့ ပျင်းပျင်းရှိသည်နှင့်မည်သူနှင့် ချက်ရင်ကောင်းမလဲဟု နာမည်တွေ
ကိုလိုက်ပြီးဖတ်ကြည့်နေမိသည်။innocentgirl,bluedevil,nightmare,romanticgirl စသည့်နာမည်ဆန်းဆန်း
ပြားပြားတွေထဲမှ cheery89@gamil.com ဆိုသည့် ရိုးရှင်းသောနာမည်လေးတစ်ခုကိုတွေ့လိုက်ရသည်။ကျွန်
တော်လည်းထို account ပိုင်ရှင်လေးနှင့်ပင်ချက်မည်ဟုစဉ်းစားလိုက်ပြီး ကိုယ်ကပဲ စတင်မိတ်ဆက်လိုက်ပါ
သည်။
“မင်္ဂလာပါ”
(ကျွန်တော် Gtalk နှင့်ချက်လျှင်မြန်မာလိုသာချက်လေရှိသည်။Myanglish လိုလည်းနားမည်၊ဖတ်လည်းမဖတ်
တတ်၊English လိုလည်းမကျွမ်းကျွင်သောကြောင့် ဖြစ်သည်။)
သူ့ဖက်ကလည်းမြန်မာလိုသာပြန်ချက်၍ တော်သေးသည်ဟုဆိုရသော်လည်း ဘုဂလန့် ပြန်ချက်ခြင်းဖြစ်သည်။
သူပြောပုံကိုကြည့်
Cheery89 “ရှင်ကဧည့်ကြိုလား”
Blizzard87 “ဗျာ”
C “မင်္ဂလာပါဆိုလို့ ရှင်ကဧည့်ကြိုလားလို့မေးတာ”
B “အာ…..ဟုတ်ပါဘူး”
C “ဒါဆိုဘာလို့ မင်္ဂလာပါလို့ပြောလည်း”
B “ကိုယ်နဲ့ မသိတဲ့လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာမင်္ဂလာပေါ့ဗျ”
C “မိတ်ဆွေဖြစ်မယ်လို့ဘယ်သူကပြောလို့လဲ၊မိတ်ဆွေဖြစ်တိုင်းရော မင်္ဂလာရှိရောလား”
B “ဟာဗျာ….လမ်းမှာပခုံးချင်းတိုက်မိတဲ့လူနှစ်ယောက်တောင်မှ ဒီလိုစကားပြောဖို့အခွင့်အရေးရှိ
မဟုတ်ဘူး၊ကျွန်တော်တို့ ဒီလိုစကားပြောခွင့်ရတာ ရှေးဘ၀ကံပါလို့ဗျ”
C “ရှင်က talky တော့တော်တော်ကောင်းသာပဲ၊ဒီ talky နဲ့စော်ဘယ်နှစ်ယောက်လောက်များ
ထားပြီးပြီလဲ”
B “ကျွန်တော့်ကို online တတ် စော်တွေကို Q ပြီးအချိန်ဖြုန်းနေတဲ့ကောင်များမှတ်နေလား”
C “ဒါတော့ဘယ်သိနိုင်မလဲ”
B “တော်ပြီဗျာ၊ခင်ဗျားကျွန်တော့်ကိုစော်ကားတာများပြီ၊ခင်ဗျားနဲ့ဆက်မပြောတော့ဘူး၊ဒါပဲ”
သူကအဲဒီလိုကောင်မလေးပါ၊ကျွန်တော်လည်းပထမတော့ Block လုပ်လိုက်မယ်လို့စဉ်းစားပါသေးတယ်။ဒါပေမဲ့
သူနဲ့ချက်ရတာ ခံစားချက်တစ်ခုခု ပေးနိုင်တာကတကြောင်း၊သူ့ဆီကနေတောင်းပန်စကားပြန်ကြားရမလားလို့
စောင့်နေမိတာကတကြောင်းနဲ့ Block မလုပ်လိုက်တာပါ။ခဏနေတော့သူပြန်ပြောလာပါတယ်။တောင်းပန်
စကားမဟုတ်ပင်မဲ့ လေသံတော့နည်းနည်းပျော့သွားပါတယ်။(လေသံပျော့သည်ဆိုရာ၌ သူ့အသံကိုကြားရ၍
ပြောခြင်းမဟုတ် သူရိုက်လိုက်သောစာကိုကြည့်၍ ခန့်မှန်းပြောခြင်းဖြစ်သည်)
C “ရှင်online မှာစော်မရှိတာ တကယ်လား”
သူဘာဖြစ်မလဲသိချင်၍ ကျွန်တော်ဘာမှ ပြန်မပြောဖြစ်ပါ။
C “ဟေး………8ပျော်သွားပြီလား”
B “မပျော်ပါဘူး…ကျွန်တော်ပြောတော့ရောခင်ဗျားက ယုံမှာလား”
C “ရှင်လိမ်လည်းပြဿနာမရှိဘူး၊ရှင်နဲ့ကျွန်မ ကအပြင်တွေ့ရတာမှမဟုတ်တာ၊ယုံပေးရမှာပေါ့”
B “ခင်ဗျားလေးယုံတာမယုံတာလည်းကျွန်တော့်အတွက်ပြဿနာမရှိဘူး၊ကျွန်တော်ကတော့ အ
မှန်အတိုင်းပြောမှာပဲ၊ ကျွန်တော့်မှာ ရည်းစားမရှိဘူး”
C “ဒါဆိုရင် အပြင်မှာရော”
B “ရှိဘူးတယ်”
C “ခုမရှိတော့ဘူးဆိုပါတော့”
B “ဒါပေါ့”
C “ဒါဆိုရင် online မှာစော်တစ်ယောက်လောက်မထားချင်ဘူးလား”
B “တစ်ခါတလေတော့ထားကြည့်ချင်တဲ့စိတ်ဖြစ်မိတယ်”
C “ဘာအတွက်ကြောင့်လဲ”
B “အော်…ဒါကဒီလိုဗျ..အပြင်မှာသိနေတဲ့လူတစ်ယောက်ကို ကိုယ့်ရဲ့ခံစားချက်တွေ၊စိတ်ဆင်းရဲ
မှု့တွေကို ဖွင့်ပြောရမှာ မမိုက်ဘူးဗျ၊ကိုယ့်ကိုအထင်သေးမှာစိုးရ၊သူ့မျက်နှာအခြေအနေကို
ကြည့်ပြီးမှပြောရတာလေဗျာ၊online မှာဆိုတော့လူချင်းတွေ့ရတာလည်းမဟုတ်ဘူး၊တွေ့ဖြစ်
မှာလည်းမဟုတ်တော့ ပြောရတာပိုကောင်းမယ်လို့ထင်လို့ပါ”
C “ဒါဆိုရင် Online တခြားလူတွေသွားပြောလည်းရတာပဲမဟုတ်လား”
B “ဘယ်တူမလဲဗျ…ကိုယ်ရဲ့အရင်းနှီးဆုံးလို့စိတ်ထဲမှာသတ်မှတ်ထားတဲ့လူကိုပြောပြရတော့ ပို
ကောင်းတာပေါ့”
ကျွန်တော် ဒီစကားကို တကယ်လေးလေးနက်နက်ပြောမိတာပါ။သူလည်းစိတ်ဝင်စားသွားပုံရတယ် သူ့ဘက်က
ဘာမှ တုန်ပြန်မလာဘူး။သူတုန့်ပြန်လာတော့လည်း ကျွန်တော်တောင်နည်းနည်းဖြုန်သွားမိပါတယ်။
C “ဒါဆိုရင် ကျွန်မကို ချစ်တယ်လို့ပြော”
B “ဗျာ”
C “အော်….ကျွန်မကို propose လုပ်လို့ပြောတာ၊ကျွန်မလည်း အဲဒီလိုလူတစ်ယောက်လိုမယ်လို့
ရှင်မထင်မိဘူးလား၊ဒါပေမဲ့ ရှင်နဲ့ကျွန်မကြားမှာ ကတိတစ်ခုတော့ထားရမယ်”
B “ဘာကတိလဲ”
C “သိပ်အခက်အခဲကြီးမဟုတ်ပါဘူး၊ရှင်မှန်းကြည့်ပါလား”
B “ဟာဗျာ…ကျွန်တော်အဲလိုတွေ မခန့်မှန်းတတ်ပါဘူးဗျာ၊ခင်ဗျားသာပြောပါ ကျွန်တော်ပေးနိုင်
တဲ့ကတိဆိုရင် ပေးပါ့မယ်”
C “ကောင်းပြီ (၁)ရှင်ကျွန်မကိုအပြင်မှာတွေ့ဖို့ဘယ်တော့မှမတောင်းဆိုရဘူး၊(၂)ဖုန်းနံပါတ်
လည်းမတောင်းရဘူး၊ဓါတ်ပုံလည်းမပြခိုင်းရဘူး၊ဘယ်လိုလဲ သဘောတူလား”
B “တူတယ် ကျွန်တော်လည်းအဲလိုလုပ်တာကို သဘောကျတယ်၊ဒါဆိုရင်နာမည်ပြော”
C “ဘာလုပ်ဖို့လည်း”
B “Propose လုပ်ရင် နာမည်တပ်ပြောရင်ပိုကောင်းမယ်ထင်လို့”
C “နာမည်အပြည့်အစုံက ပန်းချယ်ရီ၊သူငယ်ချင်းတွေထဲမှာ ပန်းလို့ခေါ်တဲ့လူရှိသလို၊ချယ်ရီ
လို့လည်းခေါ်တဲ့လူရှိတယ်၊ရှင်ကြိုက်သလိုခေါ်နိုင်ပါတယ်”
B “ချယ်ရီလို့ပဲခေါ်ပါမယ်၊ကျွန်တော့်နာမည်ကတော့ စိုးထိုက်အောင်ပါ စိုးလို့ခေါ်လည်းရတယ်၊
ထိုက်လို့ခေါ်လည်းရတယ်၊အောင်လို့ခေါ်လည်းရတယ် ကြိုက်သလိုခေါ်ပါ၊ပြီတော့ အသက်
ဘယ်မှာနေလဲဆိုတာကိုပြောပြ”
C “စပြီ၊ဘယ်မှာနေလဲတော့မပြောပြနိုင်ဘူး”
B “ဟုတ်ဘူးလေ၊ ရန်ကုန်ဆိုရန်ကုန် တောင်ကြီးဆိုတောင်ကြီး အဲဒါလောက်ပဲပြောတာ”
C “အဲလောက်ဆိုရင်တော့ရပါတယ်၊ကျွန်မက SG မှာနေတာပါ၊အသက်က ၁၉ နှစ်ပါ”
B SG ဆိုတာ စင်္ကာပူကိုပြောတာလား။
C စစ်ကိုင်းကိုပြောတာ။ ဟိ… အခုတော့ရန်ကုန်မှာ သင်တန်းလာတတ်တာ။ရှင်ကရော…..
B “ကျွန်တော်က ရန်ကုန်မှာနေပါတယ် ၂၁ နှစ်ပါ”
“ဒါဆို Propose လုပ်ပြီနော်”
C “as u like”
B “ချယ်ရီကိုကျွန်တော်အရမ်းချစ်တယ်၊ကျွန်တော့်ကိုပြန်ချစ်နိုင်မလား ချယ်ရီ”
C “ဟုတ်”
B “စကားပြောလာတဲ့တောက်လျှောက် ဒီတခွန်းပဲညင်သာတာပါသေးတယ်”
C “ကြည့်၊ ရည်းစားဖြစ်တာဖြင့် စက္ကန့်ပိုင်းတောင်မကြာသေးဘူး စပြီးဆူပြီ”
B “ဆူတာမဟုတ်ပါဘူး၊ကြည်နူးသွားလို့ပါ”
C “—————————————–”
B “———————————”
ဒီလိုနဲ့ပဲ အဲဒီနေ့က ကျွန်တော်Gtalkကနေ မိတ်ဆွေတစ်ယောက်မဟုတ်တဲ့ ရည်းစားအသစ်တစ်ယောက်ကို
ရလိုက်ပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ၊ ၅ရက်
ဒီနေ့ တစ်နှစ်ပြည့်ပါတယ်။ ဒါကိုသူသတိထားမိလား မထားမိလားမသိပေ့မဲ့၊ ကျွန်တော်အတွက်တော့ အမှတ်
တရပါပဲ။ ဒါကြောင့် ဒီနေ့ အင်တာနက်ဆိုင်ကို စောစော သွားခဲ့ပါတယ်။ သူနဲ့ တွေ့နေကျ အချိန်ထက် တစ်နာ
ရီလောက်စောပြီး သွားတာပါ။ ကျွန်တော့်စိတ်ထဲမှာ ဒီနေ့သူ့ဆီကနေ ဖုန်းနံပါတ်တောင်းဖို့ ရည်ရွယ်လာပါတယ်။
ဒါ အတော်ကို အရဲစွန့်ရမယ့် အလုပ်ပါ။ သူနဲ့ ကျွန်တော်နဲ့ ကြားမှာ ကတိတစ်ခုထားထားတယ်မဟုတ်လား။
အမှန်အတိုင်း အပြောရရင် ကျွန်တော်သူကိုချစ်မိနေပါပြီ။ စကားစကားပြောပါများ စကားထဲက ဇာတိပြဆိုတဲ့
အတိုင်း သူ့အကြောင်းတော်တော်များများကို ကျွန်တော်သိခဲ့ရသလို၊ ကျွန်တော့်အကြောင်းတော်တော်များများ
ကိုလည်း သူသိနေပါပြီ။ သူက ကတိတစ်ခုကို တန်ဖိုးထားသူဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့
ကျွန်တော်သူ့အပေါ် ချစ်တဲ့ အချစ်တွေက ထိုကတိဆိုသည့် ဘောင်တစ်ခု၊ အဟန့်အတားတစ်ခုကို ဖောက်
ထွက်ဖို့ သတ္တိတွေပေးနေပါပြီ…………ကျွန်တော်ဘာလုပ်ရမလဲ။
cheery89@gamil.com ဆိုသည့် account လေး အစိမ်းရောင်မီးလင်းလာပါတယ်။ သူလည်း online ကို
အရင်အချိန်ထက် နာရီဝက်လောက်စောပြီးရောက်လာပါတယ်။
B ဟိတ်၊ ဒီနေ့စောတယ်နော်၊ ဘာဖြစ်လို့စောစောလာတာလဲ….
C ချယ်ရီတစ်ယောက်တည်း စောတာမဟုတ်ပါဘူးနော်။ ချယ်ရီ့ ထက်စောတဲ့လူတောင်ရှိသေး
တယ်၊
B ကိုက ဒီနေ့စောစောလာတာ အကြောင်းရှိတယ်။ ဘာကြောင့်လို့ထင်လဲ ခန့်မှန်းကြည့်။
C အလုပ်ပိတ်ရက်မို့လို့လား….ဒါမှမဟုတ်…ချယ်ရီ့ အပြင် အခြားစော်တစ်ယောက်နဲ့ချိန်းထားလို့
ခပ်စောစောလာတာမဟုတ်လား………
B ဟာ………..ချယ်ရီကလည်း online မှာရော အပြင်မှာရော ရည်းစားဆိုလို့ ချယ်ရီတစ်ယောက်
ပဲရှိတာ။ ဘယ်ကရည်းစားကိုလာစောင့်ရမှာလဲ……
C ဒါဆို ဘာလို့လည်းဆိုတာပြောပြ……….
B ချယ်ရီတကယ်မသိတာလား………..မသိချင်ရောင်ဆောင်နေတာလား…..
တကယ်မသိဘူးဆိုရင်တော့ ကို စိတ်ဆိုးမိမှာ အမှန်ပဲ……….
C စတာပါရှင် …… စိတ်ကြီးပဲ……….ဒီနေ့ ချယ်ရီတို့ online မှာ ရည်းစားဖြစ်တာ ၁နှစ်ပြည့်တဲ့နေ့
လေ ….ဟုတ်တယ်မဟုတ်လား……… ဒါကြောင့်ချယ်ရီက စောစောလာတာ……….
ကို စောစောလာမယ်ဆိုတာလည်းသိတယ်…..
B ဒီလိုကျတော့လည်း ချယ်ရီကအရမ်းချစ်ဖို့ကောင်းတာပဲ………
တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ချယ်ရီနဲ့ ကို အပြန်အလှန် လက်ဆောင်တစ်ခုစီ ပေးကြ
အောင်……မကောင်းဘူးလား
C online ကနေပဲလား
B ဒါပေါ့
C ကောင်းပြီလေ………ကိုအရင်တောင်း
B ကို့ကို စိတ်မဆိုးရဘူးလို့ အရင်ကတိပေး……..
C အင်းပါ….အရင်ပြောကြည့်ပါ……….
B သေခြာနားထောင်နော်……..ကိုယ့်ကို ချယ်ရီ့ရဲ့ဖုန်းနံပါတ်လေး ပေးပါလားကွာ…..
Online မှာပြောရတာ အားမရဘူး ….နောက်ပြီး………..ကိုယ် လေ
ချယ်ရီ့ကို တကယ်ချစ်မိနေပြီ…….
C ……………………………………………………………………
ချယ်ရီ့ဘက်က စက္ကန့်အတော်ကြာ ဘာမြှုပန်မပြောပါဘူး………ကျွန်တော်လည်း တော်တော်လေးစိတ်လှုပ်ရှား
နေပါပြီ………….
B ချယ်ရီ………စကားပြန်ပြောပါအုံးကွာ………စိတ်ဆိုးသွားလားဟင်………အဲလိုစကားမပြောပဲ
တော့မနေပါနဲ့ကွာ……..
C …………………………………………………………………………..
B ချယ်ရီ……………..ကိုယ်တောင်းပန်ပါတယ်ကွာ…………………
C တစ်နှစ်ဆိုတဲ့ အချိန်က ကတိတစ်ခုကို ဖျက်ဖို့လုံလောက်တဲ့အချိန်လို့ ရှင်သတ်မှတ်ထားလား
တစ်နှစ်ဆိုတဲ့ အချိန်က မိန်းကလေးတစ်ယောက်ကို အခွင့်အရေး ယူဖို့လုံလောက်တဲ့ အချိန်လို့
ရှင်သတ်မှတ်ထားတာလား……..ကျွန်မ အရမ်းဝမ်းနည်းတယ်……..ယောင်္ကျားတွေ အားလုံး
အတူတူပဲ……..
ကျွန်တော် တကိုယ်လုံးချွေးတွေရွဲနစ်နေပါပြီ…………သူ့ကိုဖြေရှင်းတုန့်ပြန်ဖို့ စကားလုံးတွေ ကို ကီးဘုတ်လက်
ကွက်မှာရော ဦးနှောက်ထဲမှာရော ဘယ်မှာမှ ရှာမတွေ့ပါဘူး……………….
C ကျမ ရှင်နဲ့ စကားဆက်မပြောချင်တော့ဘူး…………….ကံမကုန်သေးရင်တော့ ထပ်တွေ့ကြအုံး
မှာပေါ့ရှင်…………..Bye
သူ offline ဖြစ်သွားပါတယ်……………block လုပ်တာလား…….ထွက်သွားတာလားမသေခြာပေမဲ့ ကျွန်တော့်
နှလုံးသားကတော့ block လုပ်တာခံလိုက်ရပါပြီ………..
အိမ်အပြန်လမ်းမှာ မိုးဖွားလေးတွေကျနေပါတယ်……………“ကိုယ်အပေါ်မှာ အရင်းနှီးဆုံးလူ တစ်စိမ်းများကြား
မှာ ရှိရင် အရာရာပြည့်ဆုံမလား…….ကိုယ့်ကို တွေ့ဆုံခွင့်ပေးပါ……”
ဝိုင်ဝိုင်း သီချင်းသံတစ်ချို့ လမ်းထိမ်ရှိ လဖ္ဘက်ရည်ဆိုင်ထဲမှ ပြန်လွင့်လာပါသည်………………………….

သာပြည့်ဖြိုး

Next Page »

Create a free website or blog at WordPress.com.
Entries and comments feeds.