ကျွန်တော်တို့ကမ္ဘာမြေ

July 28, 2009 at 9:14 am | Posted in Uncategorized | Leave a comment

ကျွန်တော်တို့ကမ္ဘာမြေ

ခင်ဗျားမတ်တပ်ရပ်နေတဲ့ မြေကြီးကိုငုံ့ကြည့်လုက်ပါ……….

စိမ်းလန်းနေတဲ့မျက်ခင်း တစ်ခုနဲ့ နှင်းမှုန့်လေးတွေ ကသင့်ခြေထောက်ကို အေးမြစေပါလိမ့်မယ်…….

သင့်မျက်လုံးရဲ့ရှေ့တည့်တည့်ကို ကြည့်လိုက်ပါ

တမျှော်တစ်ခေါ် မဆုံးနိုင်ဟုထင်ရသော သစ်တောလေးက သင့်ကိုကြိုဆိုနေပါလိမ့်မယ်…….

လက်နှစ်ဖက်ကိုဆန့်တန်းပြီး လေကိုအားရပါးရရှုသွင်းလိုက်ပါ………

လတ်ဆတ်သန်းရှင်းတဲ့လေဟာ သင့်ရဲ့အဆုတ်ထဲကို အန္တာရာယ်ကင်းရှင်းစွာနဲ့ ရောက်သွားပါလိမ့်မယ်…….

ဒါဟာလွန်ခဲ့တဲ့ နှစ်၈၀ လောက်ကဆိုရင်တော့မှန်ပါလိမ့်မယ်။အခုအချိန်မှာတော့ သင်ရှုသွင်းတဲ့လေထဲမှာ

ဆာလဖာဒိုင်အောင်ဆိုဒ်၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နဲ့ အခြားညစ်ညမ်းသောအရာတွေအများကြီးပါဝင်နေ

ပါတယ်။လေထုညစ်ညမ်းမှုကြောင့် အူအတတ်ရောင်ရောဂါဖြစ်တယ်ဆိုတာကို ကယ်ဂရီတက္ကသိုလ်က ပညာ

ရှင်များက ၁၉၉၉ မှ ၂၀၀၆ အတွင်းဆေးရုံရောက်လာသူ ၄၅၀၀ ကိုသုတေသနလုပ်ရာမှတွေ့ရှိလာပါတယ်။

သင်မြင်ဘူးခဲ့တဲ့ သစ်တောလေးဟာလည်း မီးလောင်ပြင်တစ်ခုလို ခြောက်သွေ့နေတာကို တွေ့ရပါလိမ့်မယ်။

သစ်တောပြုန်းတီးမှုကြောင့် ရေကြီးခြင်း၊မိုးခေါင်ခြင်း၊ပိုမိုပူပြင်းလာခြင်း စတဲ့ဆိုးဝါးတဲ့ရာသီဥတုတွေအပြင် စက်

ရုံများမှ ထွက်လာသော carbondioxide တွေကိုရှုသွင်းမှုမလုပ်နိုင်တောသလို oxygen တွေကိုပြန်မထုတ်နိုင်

တော့ပါဘူး။ဒါကြောင့်လည်း ဖန်လုံအိမ်အာနိသင်ဆိုတာဖြစ်ပေါ်ပြီး ကမ္ဘာကြီးပှုနွေးလာမှုဆိုတဲ့GlobalWarming

ဆိုတာကို လက်တွေ့ရင်ဆိုင်နေရပါပြီ။

သင်မတ်တပ်ရပ်နေတဲ့ မြေကြီးမှာလဲ အရင်လိုမျက်ခင်းစိမ်းတွေ နဲ့နှင်းစက်လေးတွေအစား non recycle လို့ခေါ်

တဲ့ ပလပ်စတစ် အမှိုက်တွေအပြင်သင်မမြင်နိုင်တဲ့ဓာတု စွန့်ပြစ်ပစ္စည်းတွေ အများကြီးရှိနေပါပြီ။ ပလပ်စတစ်

အိပ်တွေဟာ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီမှာ ကျွန်တော်တို့လူ့မျိုးဆက် ၁၀ ဆက်မှာ ၁၀၀ ထိရှိရင်တောင်

မှ ပြိုကွဲခြင်းမရှိပဲ ဒီတိုင်းရှိနေမှာပါ။ဒါကြောင့်နောင်မျိုးဆက်တွေကြရင် သဘာဝမြေဆီလွာနဲ့စိုက်ပျိုးလို့ရတဲ့ မြေ

တွေကျန်မှာမဟုတ်တော့ ပါဘူး။ကျွန်တော်တို့သောက်သုံးနေသောရေတွေလည်းဒီအတိုင်းပါပဲ။တစ်ကမ္ဘာလုံးက

စွန့်ပြစ်လိုက်တဲ့ အမှိုက်တွေနဲ့ ရေနံတွေယိုဖိတ်မှုတွေ၊အနုမြူစမ်းသပ်မှုတွေနဲ့ အခြားသောလူ့ပရောဂများ

ကြောင့် ညစ်ညမ်းနေရပါပြီ……

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့ဒါတွေကိုဒီတိုင်းပဲထားလိုက်တော့မှာလား………………….

ဒါမှမဟုတ် ပြောင်းလဲဖို့အချိန်တန်ပြီလို့ မှတ်ယူပြီး စတင်လုပ်ဆောင်တော့မှာလား…………………………………..

ငါတို့ကမ္ဘာကြီးမှာ ငါတို့ရဲ့သားတွေ၊မြေးတွေ နေထိုင်ရင် သဘာဝဒုက္ခမျိုးဆုံနဲ့ရင်ဆိုင်စေမှာလား………………..

ဒါမှမဟုတ် ပြောင်းလဲဖို့အချိန်တန်ပြီလို့ မှတ်ယူပြီး စတင်လုပ်ဆောင်တော့မှာလား…………………………………..

တစ်ပင်တည်းကျန်တဲ့ နောက်ဆုံးအပင်ကလေးသေသွားမှ…………

တစ်ခုတည်းကျန်တဲ့ မြစ်ကြီးဟာအစိတ်သင့်သွားမှ………………….

နောက်ဆုံးကျန်တဲ့ငါးလေးကိုသာ ဖမ်းမိသွားမှ………………………

ကျွန်တော်တို့ပိုက်ဆံတွေ စားသုံးလို့မရဘူးဆိုတာသိလာမှာလား……………………….

ဂလိုဘယ်ဂရင်း

GreenMemo မှကဗျာကိုထည့်သွင်းရေးသားထားခြင်းဖြစ်ပါသည်။

သင်ဖတ်ပြီးပြီဆိုရင် သင်တတ်နိုင်သလောက်ကမ္ဘာကြီးကို ကယ်တင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ…………..

Greenbox

Advertisements

Leave a Comment »

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.
Entries and comments feeds.

%d bloggers like this: