ရင်ကွဲအောင်သံချပ်တိုက်ခဲ့ရသောညများ

July 28, 2009 at 9:54 am | Posted in Uncategorized | Leave a comment

ရင်ကွဲအောင်သံချပ်တိုက်ခဲ့ရသောညများ

ည ၇နာရီထိုးသည်နှင့် ကျွန်တော်တို့သံချပ်စတိုက်ပါသည်။ကျွန်တော်တို့တက်သော သင်တန်း၏

သင်တန်းဆင်းပွဲအစီအစဉ်တွင်  သံချပ်၁၅မိနစ်စာပါသောကြောင့်အားကြိုးမာန်တတ်တိုက်နေကြသော်လည်း

professionalတစ်ယောက်မျှမပါသောကြောင့် အစဉ်မပြေ။၁၅ မိနစ်စာ Plot ၅ခုလောက်ကိုပင်တိုင်သည့်သူက

မေ့လျှင်မေ့၊တိုင်သည့်သူကမမေ့လျှင်တောင် ဖောက်သည့်သူကမေ့လျှင်မေ့၊ကိုယ်ဖောက်သည့်အပိုဒ်ကိုကိုယ့်

ဘာသာကိုယ်ပြန်ရယ်ကြနှင့် သံချပ်တစ်ပုဒ်ရဖို့ အတော်ပင်ခက်ခဲကြောင်း လက်တွေ့ကြုံမှသိရပါတော့သည်။

ဤနေရာတွင် ကျွန်တော်တို့သံချပ်အဖွဲ့ငါးယောက်ကိုမိတ်ဆက်ပေးရန် လိုပါသေးသည်။သံချပ်တွင် အတိုင်နှင့်

အဖောက် ဟူ၍ရှိပါသည်။အတိုင်ကတစ်ယောက် အဖောက်ကလေးယောက်ဖြစ်သည်။

အတိုင်နေရာကို ကျွန်တော်တို့အဖွဲ့၏ခေါင်းဆောင်၊ သင်တန်းဆင်းပွဲတစ်ခုလုံးကို ဦးဆောင်စီစဉ်သူ၊

ဆံပင်က ဗိုက်ကလေးကေနှင့်သွားတွင်စိန်တပ်ထားကာ ရှေ့နေဘွဲ့ရထားသူ၊စကားတခွန်းပြောလျှင်လက်ကို

ရှေ့သို့နှစ်ကြိမ်ခန့် ထုတ်လိုက်သွင်းလိုက် လုပ်၍ဆံပင်ကိုသပ်ကာ စိန်သွားပေါ်အောင် မထီတရီ အပြုံးလေးနှင့်

မျက်လုံးကို ပေစောင်းကာပြောတတ်သည့် ဇင်မောင်လင်း(ဖင်ထောင်ငြင်း ဟုချစ်စနိုးခေါ်သည်)ဖြစ်ပါသည်။

ဤစာရေးသည့်အချိန်တွင် သူ၏ဆံပင်ကို သပ်၍စကားပြောသည့် အကျင့်မရှိတော့ပါ။ကျွန်တော်တို့တွေ ၀ိုင်း

နောက်ကြ၍ ထိုအကျင့်ကို အတော်ပင်ဖျောက်ယူထားပုံရသည်။

ကျွန်တော်တို့အဖောက် ၄ ယောက်ထဲမှ ပထမဆုံး မိတ်ဆက်ပေးလိုသောတစ်ယောက်မှာ မိုးမြင့်ဟိန်း

ခေါ် မိုးကြီးဖြစ်ပါသည်။သူသည် ကျွန်တော်တို့ငါးယောက်တွင် ပိုက်ဆံအရှိဆုံးဖြစ်၍ သူ၏ပေါင် ၁၈၀ ခန့်ရှိသော

ကိုယ်လုံးကြီးမှထွက်သည့် ချွေးများကို အလျင်မှီအောင်သုတ်ရန် လက်ကိုင်ပုဝါတစ်ထည်ဖြင့် အမြဲအားထုတ်

နေသူလည်းဖြစ်သည်။သင်တန်းဆင်းပွဲကြီးအတွက် စိတ်ရောကိုယ်ပါ အပင်ပန်းခံ၍ အားထုတ်သူဖြစ်ပြီး တစ်ခုခု

ကြောင့်ဒေါသထွက်တိုင်း သူ့၏ Hand Phone လေးမှာ ဓါးစာခံအဖြစ်ကိုင်ပေါက်ခံရမြဲဖြစ်သည်။သူ့HandPhone

သာ အသိဥာဏ်ရှိလျှင် နောင်ဘ၀ဆက်တိုင်း ထိုသို့သော စိတ်ဆတ်သည့်လူလက်မှ Hand Phone မဖြစ်ပါရစေ

နဲ့ဟု ဆုတောင်းမှာမလွဲပင်။

ဒုတိယတစ်ယောက်မှ မြတ်မင်းဟု သင်တန်းတက်ခါစက ခေါ်တွင်၍ သင်တန်းအလယ်လောက်တွင်

ပါပါရာဇီ မြတ်မင်းဟု ပြောင်းလဲအမည်ခံသူ၊သင်တန်းချိန်တွင်အိပ်ငိုက်နေသည့် မည်သူ့ကိုမဆို မလွတ်တမ်း

ဓါတ်ပုံရိုက်နိုင်သူ၊သီချင်းဆိုရာတွင် အင်မတန်ကောင်းသူ၊အမြဲမျက်နှာပြောင်နေ၍ ထားဝယ်လိုရော တရုတ်လို

ပါ ပြောကာသူ၏ ပေါင် ၁၆၀ ခန့်ရှိသော ကိုယ်လုံးကြီးနှင့်မလိုက်အောင်သွက်လက်သူဖြစ်ပါသည်။

တတိယတစ်ယောက်မှာ မြင့်ကျော်(သင်တန်းဆင်းပွဲနောက်ပိုင်း အိုဘားမားဟုအမည်တွင်သူ)ဖြစ်ပါ

သည်။အိုဘားမားဆိုသည့်အတိုင်း သူ၏ မဲနက်တောက်ပြောင်သော အသားအရေကို ကော်လာကတုံး အဖြူ

လက်ရှည်နှင့်ပုဆိုးကိုတွဲဖက် ၀တ်ဆင်ကာ ဘီယာဆိုင်လည်းထိုအ၀တ်အစား၊ကလပ်သွားလျှင်လည်း ထိုအ

ဝတ်အစားနှင့် မရှက်မကြောက်သွားရဲသူ၊ပုဆိုးကြီးတကားကားနှင့် ကွေးနေအောင်ကတတ်သူ၊ပျော်ပျော်နေ

တတ်သူ၊မူးလာလျှင် အနည်းငယ်ရစ်၍ အမူးလွန်လျှင် ထိုင်သည့်နေရာတွင်ပင် ခုံရောလူရောလဲချတတ်သည်

မှလွဲ၍ အလွန်ခင်မင်စရာကောင်းသောလူတစ်ယောက်ဖြစ်သည်။

နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော် သာပြည့်ဖြိုး ဖြစ်ပါသည်။အရပ်က ၅ပေ ၉လက်မခန့်ရှိ၍

ပိန်ရှည်ရှည် ကိုယ်လုံးကိုပိုင်ဆိုင်ထားပြီး ၆၀၀ ဒီဂရီရှိသော မျက်မှန်ကြီးကို ရှည်မျောမျောမျက်နှာတွင်တပ်ကာ

ငပေါ ဟူသောဂုဏ်ပုဒ်ကို အတန်းထဲတွင်ပြိုင်ဘက်မရှိ ပိုင်ဆိုင်သူလည်းဖြစ်ပါသည်။

အခုဆိုလျှင် ကျွန်တော်တို့ ၅ ယောက်အကြောင်း အတော်အတန်သိပြီဟုထင်ပါသည်။သံချပ် ၁၅မိနစ်

စာကို သုံးခါသာတိုက်ရသေးသည် ၁း၃၀ အချိန်ကုန်၍ အော်လွန်းသောလည်ချောင်းများမှာ နာကျင်ကာ ဘီယာ

ဟူသော ဆေးတစ်ခွက်ကိုသောက်၍ အားဖြည့်ရန်အတွက် (————-)ဟုအမည်(အမေ့ဆိုင်ဟုကျွန်တော်တို့

နာမ်စားသုံးသည်) တွင်သော ဘီယာဆိုင်ရှိရာသို့ ပြိုင်တူပင်ချီတက်ခဲ့ပါတော့သည်။ထိုညများမှာ သင်တန်းဆင်း

ပွဲမတိုင်ခင် ပုံမှန်ဖြတ်သန်းရသော၊ယခုအချိန်အထိ မမေ့နိုင်စရာညများဖြစ်ပါသည်။

ကျွန်တော် တို့နည်းတူ ရှမ်းအကအဖွဲ့၊Dancer အဖွဲ့၊အခမ်းအနားပြင်ဆင်ရေးအဖွဲ့၊ငွေကိုင်၊Question

Quiz၊ စသောအဖွဲ့များသည် တိုက်စရာရှိတာတိုက်၊လုပ်စရာရှိတာကို ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နှင့် ကိုယ့်တာ

ဝန်ကိုယ်ကျေအောင် ထမ်းဆောင်နေကြပါသည်။ထိုအဖွဲ့များထဲမှ ကျွန်တော်တို့အလွန်အားထားရသော အဖွဲ့

တစ်ဖွဲ့ရှိပါသည်။ထိုအဖွဲ့မှာ ငွေကိုင်အဖွဲ့ဖြစ်၍ ကျွန်တော်တို့သာမဟုတ် ကျန်သောအဖွဲ့များလည်း အားထား

ကြရပါသည်။ထိုအဖွဲ့တွင်း အဓိက လှုပ်ရှားသူနှစ်ဦးမှာ မမေသူအောင်ဆန်းနှင့် မဝေေ၀ဟန်တို့ဖြစ်သည်။ကျွန်

တော်တို့ကနောက်၍ မေသူအောင်ဆန်းနှင့်ဝေေ၀စုကြည် ဟုလည်းခေါ်ပါသည်။မမေသူမှာ ၀၍ မဝေေ၀ မှာပိန်

ကာ အလွန်လိုက်ဖက်ညီသော သူငယ်ချင်းနှစ်ဦးလည်းဖြစ်သည်။နှစ်ဦးစလုံး ဆရာဝန်များဖြစ်၍ အလွန်သဘော

ကောင်းပါသည်။ပိုက်ဆံထုတ်သည့် အခါတိုင်း လျှောလျှောရှုရှုပင် ထုတ်ပေး၍ အပြင်မှာ ပိုက်ဆံလို၍သွားချေး

လျှင်လည်း ထိုနည်းတူပင်ဖြစ်သည်။(မမေသူနဲ့မဝေရယ် ကျွန်တော်ဒီလောက်မြှောက်ပေးနေတာ ကျွန်တော်ချေး

ထားတဲ့ပိုက်ဆံလေးတော့ ချေပေးဖို့သင့်ပါတယ်နော်၊ဆေးလည်းအလကားကုပေးရမယ်နော်)။

ကျွန်တော်တို့သင်တန်းသူ သင်တန်းသားအားလုံး၏ အပင်ပန်းခံကြိုးစားမှုကြောင့် သင်တန်းဆင်းပွဲကြီး

ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။ထိုသို့အောင်မြင်ရန်အတွက်လည်း ပေးဆပ်မှုများစွာရှိပါသည်။အချင်း

ချင်းအကြိမ်ကြိမ်း ညှိုနှိုင်းဆွေးနွေးမှုတွေ၊အခန့်မသင့်၍ စိတ်ဆိုးစိတ်ကောက်တာတွေ၊ငိုခဲ့ရတာတွေ၊မထင်မှတ်

ထားသော ပြဿနာတွေ ဖြေရှင်းခဲ့ရပြီး ကျွန်တော်တို့ သံချပ်အဖွဲ့ဆိုလျှင်လည်း ရှိသမျှပိုက်ဆံတတ်တတ်ပြောင်

ဘီယာသောက်ခဲ့ရတာတွေကို ကျော်ဖြတ်၍ နောက်ဆုံးတွင် အလွန်ကျေနပ်စရာကောင်းသော ထိုရလဒ် ကိုရရှိ

လာခြင်းဖြစ်သည်။ကျွန်တော့် နည်းတူ ကျွန်တော့်သူငယ်ချင်းများအားလုံးလည်းကျေနပ်လိမ့်မည်ဟု ယုံကြည်ပါ

သည်။ယခုတော့ ကျွန်တော်တို့သင်တန်းကြီးလည်း ပြီးဆုံးသွား၍ ကိုယ့်အလုပ်နှင့်ကိုယ် ပြန်မတွေ့ဖြစ်သည့်သူ

များရှိသလို ထိုသင်တန်းမှာပင် သံယောဇဉ် ကြီးစွာ ၀င်ရောက်အလုပ်လုပ်နေသူတွေလည်းရှိပါသည်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့သံချပ်အဖွဲ့ ၅ယောက်ကမူ အခွင့်သင့်တိုင်း (————–)ဟုခေါ်သော

အမေ့ဆိုင်တွင်ဆုံ၍ ကိုယ့်အောင်မြင်မှုကိုယ် စားမြုံ ပြန်ကာ နည်းနည်းမူးလာလျှင် ကျွန်တော်တို့တိုက်ခဲ့သည့်

သံချပ်စာသားများကို ပြိုင်တူရွတ်ဆိုလျက်ရှိပါကြောင်း……………….

(E002/5 မှ သူငယ်ချင်းများဆီသို့ အမှတ်တရ)

နာမည်အရင်းများကို ခွင့်မတောင်းဘဲထည့်သွင်းအသုံးပြုထားသဖြင့် နားလည်ပေးပါလို့ကျွန်တော်စာရေးသူမှ

အနူးအညွတ် တောင်းပန်အပ်ပါသည်။

သာပြည့်ဖြိုး

Advertisements

Leave a Comment »

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.
Entries and comments feeds.

%d bloggers like this: