FIT

July 28, 2009 at 9:23 am | Posted in Uncategorized | Leave a comment

FIT

FIT ကို သင့်လျော်သော၊သင့်တော်သောလို့ ဘာသာပြန်ပါသည်။ကိုယ်လုပ်ဆောင်နေကျတနေ့တာ

အလုပ်တွေကို လုပ်တော့မယ်ဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့မေးခွန်းတစ်ခုဆိုရင်လည်း

မမှားပါဘူး။

ငါဝတ်တဲ့အ၀တ်အစားက ငါနဲ့ တော်ရဲ့လား၊ပွနေလား၊ကျပ်နေလား။နံနက်စာကို ပေါင်မုန့်နှစ်ချပ်နဲ့ဆို

လုံလောက်ပြီလား၊ငါနောက်ထပ်ချဲ့ထွင်မည့် အလုပ်ကရော ငါတကယ်လိုအပ်လို့လား၊ဒီအလုပ်လုပ်လိုက်ရင်

ငါမိသားစုအတွက် အချိန်ပေးနိုင်ပါတော့မလား၊ငါနေတဲ့အိပ်ခန်းကရော ငါအတွက် FIT ဖြစ်ရဲ့လား၊အရမ်း

ကျယ်နေလား၊အရမ်းကျဉ်းနေလား……………..စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။တစ်ချို့

အရာတွေမှာ ကိုယ်နဲ့သင့်တော်တာထက်များနေတာတွေရှိသလို၊တချို့အရာတွေမှာ နည်းနေတတ်ပါသည်။

ကျွန်တော့်ဆရာပြောတဲ့ပုံပြင်တစ်ပုဒ်ကိုပြန်ပြီး ဖောက်သည်ချချင်ပါသည်။ဟိုးရှေးရှေးတုန်းကလို့ပဲအစ

ချီလိုက်ရအောင်ဗျာ။တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဘုရင်ကြီးတစ်ပါးဟာ တိုင်းခန်းလှည့်လည်ရင်းနဲ့ မြို့ပြင်တစ်နေ

ရာအရောက်မှာ မြေပြင်ပေါ်မှာ လဲနေတဲ့လူတစ်ယောက်ကိုတွေ့သွားတယ်တဲ့ဗျာ။အဲဒီမှာတင်ဘုရင်ကြီးက ဒီလူ

ဘာကြောင့်လဲနေလဲဆိုတာကို သိချင်တော့ သူ့မှုးမတ်တစ်ယောက်ကိုသွားမေးခိုင်းတယ်။ခဏနေတော့သူ့မှုးမတ်

ပြန်ရောက်လာပြီး ဘုရင်ကြီးကိုလျှောက်တင်တယ်။ဒီလူဟာသူဆင်းရဲသားတစ်ယောက်ဖြစ်ပါတယ်ဘုရား၊သူ့မှာ

စိုက်ပျိုးစားသောက်ဖို့ မြေပိုင်ကမရှိ၊နေစရာမရှိ ဖြစ်နေတာကြောင့်လမ်းပေါ်မှာအားပြတ်ပြီးလဲနေတာပါဘုရား

လို့လျှောက်တင်တော့ ဘုရင်ကြီးလည်းသူဆင်းရဲအပေါ်ကို ကရုဏာသက်ပြီး သူဆင်းရဲကို ဘုရင့်ရှေ့တော်ကို

သွင်းဖို့ ခေါ်ခိုင်းလိုက်ပါတယ်။သူဆင်းရဲလည်းရောက်လာရော ဘုရင်ကြီးကသင့်မှာ စားစရာမရှိ၊နေစရာမရှိ

ဖြစ်နေတယ်လို့ သိရတဲ့အတွက် သင့်အပေါ်ကရုဏာသက်ပြီး ခေါ်ခိုင်းလိုက်တာဖြစ်တယ်၊ဒီတော့ သင်စိုက်ပျိုး

စားသောက်၊နေထိုင်ဖို့အတွက် သင်လိုအပ်သလောက်မြေကို သစ်သားငုတ် လေးငုတ်ယူပြီး မြေကြီးမှာစိုက်လေ

တော့ လို့မိန့်တော်မူလိုက်တယ်ဆိုရင်ပဲ ခုနက အားပြတ်နေတဲ့ သူဆင်းရဲဟာချက်ချင်းထလိုက်ပြီး သစ်သားငုတ်

လေးငုတ်ကိုရှာ၊ ပထမ တစ်ငုတ်ကိုစိုက်၊ နောက်ထပ်တစ်ငုတ်ကိုစိုက်ဖို့အတွက် နေပူပူ ကွင်းပြင်ကြီးထဲမှာပြေး

လိုက်တာ ညနေသာစောင်းသွားတယ် ဒုတိယငုတ်ကိုမစိုက်ရသေးဘူး။နောက်ဆုံးတော့ဒုတိယ ငုတ်မစိုက်လိုက်

နိုင်ခင်မှာပဲ ဒီလူဟာသေဆုံးသွားခဲ့တယ်။ဒါကိုကြည့်ပြီး ဘုရင်ကြီးကပြောလိုက်တယ် ဒီသူဆင်းရဲသားဟာ သူနဲ့

သင့်တော်သလောက်မြေနေရာထက် ပိုလိုချင်တဲ့လောဘကြောင့် ဒီလိုသေဆုံးရတာပဲ၊ဒီအချိန်ကစပြီး နောက်ဆို

ရင်ဘာအလုပ်ပဲလုပ်လုပ် ကိုယ်နဲ့သင့်တော်သလောက်ပဲလုပ် ပိုလည်းမလုပ်နဲ့ လျှော့လည်းမလုပ်နဲ့ လို့မှုးမတ်တွေ

ကိုမိန့်ခွန်းချွေလိုက်လေတော့တယ်။

ပုံပြင်လေးကတော့ဒီလောက်ပါပဲ။အဲဒီပုံပြင်ထဲကဆင်းရဲသားက အခုခတ် သူဋ္ဌေးကြီးတွေနဲ့တူမနေဘူးလားဗျာ

ကိုယ်ကပိုက်ဆံနောက်ကို နေ့မနားညမနားလိုက်မယ်။အိမ်မှာရှိတဲ့ အိမ်ဖော်က Air Con နဲ့ Sofa နဲ့ ဇိမ်ကျကျနေ

မယ်။ကိုယ်က အပြင်မှာကြုံသလိုစားမယ်၊ အိမ်ဖော်ကတော့ ရေခဲသေတ္တာထဲက အစားအစာတွေကို စိတ်တိုင်းကျ

စားပြီး တီဗွီ ကြည့် သီချင်းနားထောင်နေမယ်။မိသားစုကို အချိန်ပေးမလို့လုပ်တုန်း ဟိုအရာရှိက ဂေါက်ရိုက်မယ်

ဆိုလို့သွားရပြန်ပြီ၊ဟိုလူကြီးက ဟိုနိုင်ငံသွားရမယ်ဆိုလည်း လိုက်ပို့ရပြန်ပြီ၊ဘယ်မှာလဲသူ့ကိုယ်ပိုင်အချိန်၊

ငွေကခိုင်းထားတဲ့ အရုပ်တစ်ရုပ်နဲ့တူမနေဘူးလား။သူလည်း ပုံပြင်ထဲကဆင်းရဲသားလိုပဲ ငုတ်တိုင်တွေစိုက်ရင်း

နဲ့ဘ၀ ကပြီးဆုံးသွားမှာပါပဲ။ကိုယ်လုပ်ချင်တာတွေအတွက် အချိန်မပေးနိုင်ပဲ သူများလုပ်စေချင်တာတွေ အတွက်

အချိန်တွေပေးပြီး ရလာတဲ့ပိုင်ဆိုင်မှုတွေကိုထားခဲ့ပြီးနောက်ဆုံးတော့ ၆ပေ၄ပေ တွင်းလေးတစ်တွင်းသာကိုယ့်အ

တွက်ကျန်တော့မှာပါ။

နောက်ဆုံးသတိပေးချင်တာကတော့ ကိုယ်လုပ်နေတဲ့အလုပ်တိုင်းဟာ ကိုယ်နဲ့FIT ဖြစ်ရဲ့လားဆိုတာ အမြဲ

သတိပေးနေဖို့လိုတယ်ဆိုတာ ပါပဲ

သာပြည့်ဖြိုး

Advertisements

Leave a Comment »

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.
Entries and comments feeds.

%d bloggers like this: