ချန်ပန်ဇီ နှင့် လူ ဘယ်သူတာထွက်စောလဲ

August 4, 2009 at 8:36 am | Posted in Uncategorized | Leave a comment

ချန်ပန်ဇီ နှင့် လူ ဘယ်သူတာထွက်စောလဲ

ကျွန်တော်ဆရာ ပြောပြတာလေးကို ကျွန်တော်ပြန် Share ချင်လို့ဒါလေးကိုရေးလိုက်တာပါ။ ဖတ်ပြီး ရင် တစ်ခုခုကျန်မယ်
လို့အာမခံပါတယ်။ တစ်နေ့တည်း အတူတူမွေးတဲ့ လူတစ်ယောက်နဲ့ ချန်ပန်ဇီ တစ်ကောင် ကို သိပ္ပံ ပညာရှင်တွေက လေ့
လာမှုတွေလုပ်ကြပါသည်။
ချန်ပန်ဇီ တစ်ကောင်က မွေးပြီး တစ်ပတ်အကြာမှာ ငှက်ပျောသီးတွေကို အခွံခွာစားနေပြီ။ လူကတော့ပက်လက်လန်
နေတုန်းပေါ့။
ချန်ပန်ဇီက မွေးပြီး နှစ်ပတ်အကြာမှာ ဟိုသစ်ကိုင်းဆွဲလိုက် ဒီသစ်ကိုင်းဆွဲလိုက်လုပ်နေပြီ။ လူကတော့ပက်လက်လန်တုန်းပဲ။
ချန်ပန်ဇီက မွေးပြီး တစ်လ အကြာမှာ ဟိုပြေးဒီပြေးလုပ်နေပြီ။ လူကတော့ ပက်လက်လန်တုန်းပဲ။
ချန်ပန်ဇီက မွေးပြီး တစ်နှစ်အကြာမှာ ချန်ပန်ဇီ အမနဲ့မိတ်လိုက်နေပြီ။ လူကတော့…………။

ကျွန်တော့်တို့လူတွေက တာထွက် တော်တော်နောက်ကျပါတယ်။ ဒါပေမဲ့ အခုအချိန် ကမ္ဘာမှာ အင်အားအကြီးဆုံး သတ္တ၀ါ
ကဘာလဲလို့ ကြည့်လိုက်တော့ လူတွေဖြစ်နေတယ်။ဒါဘာကြောင့်လဲ။ လူဆိုတာ အသိဉာဏ် အရှိဆုံး၊ စဉ်းစားတွေးခေါ် မှု
အမြင့်မားဆုံး သတ္တ၀ါ ဖြစ်တာကြောင့်ပါ။ ကျွန်တော် အဓိကပြောချင်တာက လူနဲ့ ချန်ပန်ဇီ အကြောင်းကိုမဟုတ်ပါဘူး။ ကျွန်
တော်တို့ စိတ်ခံစားမှုတွေ ကိုပါ။ ကွန်ပြူတာသင်တန်းတတ် တယ် ကိုယ်ထက် တော်တဲ့လူတွေကိုကြည့်ပြီး “အော်၊ငါတာ
ထွက်တာ တော်တော်နောက်ကျနေပြီပဲ” ဆိုပြီး စိတ်ဓါတ်ကျ တယ်။အင်္ဂလိပ် စကားပြောတတ်တော့လည်း အော် ငါထက်
တာထွက်စောတဲ့လူတွေ မနည်းပါလားဆိုပြီး စိတ်ဓါတ်ကျ ပြန်တယ်။ ကျွန်တော့် ဦးလေးတစ်ယောက်ပြောဘူးတယ်။သူ
ဂစ်တာတီးတတ်စက သူတို့မြို့ကို Playboy သန်းနိုင်တို့ အဖွဲ့ လာဖျော်ဖြေတယ်။ Playboy သန်းနိုင်တို့ အဖွဲ့က ဂစ်တာ
တီး တာကိုကြည့်ပြီး သူတီးတတ်တာ ဘာမှ မဟုတ်ပါလားဆိုပြီး စိတ်ဓါတ်တွေကျလို့ ဂစ်တာကို တစ်ပတ်လောက်မတီးပဲ
ဒီတိုင်းပစ်ထားလိုက်တယ် လို့ပြောပြတယ်။ သူတာထွက်နောက်ကျလို့ စိတ်ဓါတ်ကျသွားတာဖြစ်မယ်ဆိုပြီး ကျွန်တော်တွေး
မိလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒီတိုင်းပဲ။ ဒီ Blog လေးကို အခုမှစရေးတာပါ။ဒါမရေးခင်က ကျွန်တော့်မှာ IT နဲ့ပတ်
သက်လို့ ဗဟုသုတ ဘာမှ မရှိဘူး၊ လုပ်ပြန်တော့ လည်း အဆင်မပြေတာတွေ အများကြီး၊ မသိတာတွေက တစ်ပုံတစ်ခေါင်း၊
ကုန်ကုန်ပြောရရင် စာရေးတာတောင် သဒ္ဒါကမမှန်၊၀ါကျ ဖွဲ့စည်းပုံကတလွဲ အကုန်လုံးကိုဘာတစ်ခုမှ အဆင်မပြေတာပါဗျာ။
ဒီကြားထဲ ကိုညီလင်းဆက်၊ စေတန်ဂေါ့၊ ကိုဇော်(zaw357)၊ ကိုမိုးလှိုင်ည၊ သစ်နက်ဆူး၊ မာ့ခ်၊ စတဲ့နာမည်ကြီး Blogger
တွေရဲ့ Blog တွေကို ၀င်ကြည့်မိပြန်တော့ ကျွန်တော့် စိတ်ဓါတ်က ရောဂါသီချင်းထဲကလို အ၀ီစိ ထိကပ်သွားပြီး Blog
ရေးချင်စိတ်ပျောက်သွားမိပါတယ်။ ဒီနေ့ဆရာ့စကား၏တစ်ခွန်းကိုကြားပြီးတော့မှ တိုင်းရင်းအားဆေးကြီးတစ်ခွက်
သောက်လိုက်ရသလို အားအင်တွေပြန်ပြည့်လာပြီး ဒီ Post လေးကို တင်လိုက်တာပါ။ ကျွန်တော်တင်တာ သူများတွေထက်
တာထွက်နောက်ကျရင်နောက်ကျနေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ဓါတ်မကျတော့ပါဘူး။ ဒီ Post လေးကို ဖတ်မိတဲ့မည်
သူမဆို ကျွန်တော်ပြောတာလေးနဲ့တိုက်ဆိုင်နေခဲ့မယ်ဆိုရင်အားဖြစ်လာစေရန်ရည်ရွယ်ပါတယ်။ ဖတ်မိတဲ့လူတိုင်းလည်း
ကိုယ့်အတွေ့အကြုံလေးတွေကို ရော ကျွန်တော့် လိုအပ်ချက်လေးတွေကိုပါ ကွန်မန့် ပေးခဲ့စေလိုပါကြောင်း………………။
လွင်ပြင်

Advertisements

Leave a Comment »

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.
Entries and comments feeds.

%d bloggers like this: