ငါညနေခင်းတွေကို အသက်သွင်းလှည့်ပါ……

October 2, 2009 at 9:52 am | Posted in Uncategorized | Leave a comment

Beautiful_sky
မုယော စပါးနံ့သင်းပြီး အမြုပ်တစီစီ ထနေသော ညနေတစ်ခု၏ ရွာမလိုနဲ့ အုံ့ဆိုင်းနေသော ကောင်းကင်အောက်မှာ ဟောင်းနွမ်း
နေသော ခုံအိုလေးတစ်လုံး၊ ကျယ်ပြန့်သော မြစ်ပြင်ကျယ်၊ လှိုင်းကြပ်ခွပ်လေးများ၊ သံစဉ်တစ်ချို့နှင့် ပြန်ကျဲနေသော စိတ်အစဉ်
တို့ကို လိုက်လံသိမ်းစည်းနေသော ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ကို မထိတထိပွတ်တိုက်သွားသော လေနုအေးလေးက
“ငါ့ရဲ့ ညနေတွေကို အသက်သွင်းလှည့်ပါ” လို့ တီးတိုးညည်းဆိုသွားလေရဲ့။
တကယ်တော့ ငါကိုယ်တိုင်တောင်မှ သေဆုံးနေတာကြာပါပြီကွာ။ ငါရဲ့ညနေတွေက ငါအလောင်းကောင်အတွက် မြေနေရာပေါ့။
အော်……….ကြုံလို့ပြောလိုက်အုံးမယ် ငါသေဆုံးသွားရင် ငါ့ကိုမြေမမြုပ်ပဲ ဒီတိုင်းထားလိုက်ပါ။ ငါ………….ခွေးအတွေ အတွက်
အလှူတစ်ခုလုပ်ခဲ့ချင်လို့။ ငါရှင်သန်နေသရွှေ့တော့ ငါ့အတ္တကို မွေးမြူနေအုံးမှာပဲ။ ငါ့ရဲ့သေဆုံးချင်းကို နောက်ဆုံးထွက်သက်
အထိ လိုက်လံပို့ဆောင်ပေးနေတာဟာ ငါ့အတ္တပဲပေါ့။ ငါနဲ့ တသက်လုံးတွဲလာတဲ့ အဖော် တစ်ယောက်ဆိုရင်လည်းမှန်ပါတယ်။
အဖော်ကောင်းလား၊ အဖော်ဆိုးလားတော့မသိဘူး။ ဒါပေမဲ့ သူဆီကနေ တစ်ခါတလေ ပုပ်အပ်အပ် အနံ့တော့ ရတတ်တယ်။
ကျွန်တော်သိသော ဘ၀ အစသည် တောရွာလေးတစ်ရွာဖြစ်၏။ စိမ်းလမ်းသော မြက်ခင်းပြင်နှင့်ပြီး၏။ ကျယ်ပြန့်သော ကောင်း
ကင်ပြင်ကို မော့ကြည့်နိုင်၏။ သင်းပျံသော ပန်းရနံ့တို့ကို ရှုရှိုက်နိုင်၏။ လတ်ဆတ်သော လေဖြင့် အဆုတ်ကို အားဖြည့်နိုင်၏။
ဆင်းရဲခြင်းကို အိပ်မက်မျှ မမက်ဘူး။
၁၀ နှစ်သားအရွယ် ကျွန်တော်သိသော ဘ၀သည် အိပ်ခန်းခပ်ကျင်းကျင်း၊ အချိန်မှန်လွင့်နေသော ရုပ်မြင်သံကြား အစီအစဉ်
တစ်ခု၊ ရှုပ်ထွေးသော ကားများ၊ နှင့်ပြီး၏။ ရှုရှိုက်လိုက်သော လေတွင် CO2 တို့နှင့်ပြည့်နှက်နေ၏။ မီးခိုးတွေမွန်နေသော
လေပူများကို အဖော်ပြုမိ၏။ လူနေမှုအဆင့်အတန်းမြင့်လာသော အခြေအနေတွင် ဆင်းရဲခြင်းကို ကွက်ကွက်ကွင်းကွင်း
မြင်လာ၏။ ဆင်းရဲမှာကို ကြောက်သွား၏။ အတ္တဆိုသည့် သူငယ်ချင်းကို စတင်ပေါင်းသင်းမိသည့်အချိန်ဖြစ်သည်။
ညနေခင်းကတော့ စတင် အသက်ဝင်စပြုလာပြီ……………. ကျွန်တော်ကတော့ ၁၀ နှစ်သားကလေးဘ၀ ကို မြေမြုပ်လိုက်ပြီ
ဖြစ်သည်။…………………………………………………………………………..ကျွန်တော့် အတ္တက ကျွန်တော်ကို မြေမြုပ်ဖို့ ကျိုးစား
နေသည်။

သင်ဘယ်လောက်ဆွဲဆောင်မှုရှိလဲ

September 9, 2009 at 6:04 am | Posted in Uncategorized | Leave a comment

သူငယ်ချင်းတို့  သင်ဟာသင့်ချစ်သူအပေါ်ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာမှန်းကြည့်ချင်လား။
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ့ ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို့ မလိုပါဘူး။
မေးခွန်းတိုင်းဖြေဖို့ မလိုပါဘူး။
1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
ပေကျင်း – go to question 2
တိုကျို – go to question 3
ပဲရစ် – go to question 4 Continue Reading သင်ဘယ်လောက်ဆွဲဆောင်မှုရှိလဲ…

ကိုယ်တိုင်လုပ်မှဖြစ်မှာပါ……..

September 8, 2009 at 2:21 pm | Posted in Uncategorized | Leave a comment

ကျွန်တော်စိတ်ဓါတ် ကျနေပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်အားမရလို့ပါပဲ။ ကျွန်တော်ဖြစ်ချင်တာတွေ ဖြစ်မလာတာ၊ မဖြစ်ချင် တာတွေပဲ ဆက်တိုက်ဖြစ်နေပါ
တယ်။ ကျွန်တော်ဟာ အရိုင်းအစိုင်းတစ်ယောက်လား ဆိုတာ ကိုယ့် ကိုယ် ကိုယ် သံသယ ဖြစ်မိတယ်။ မိဘစကားလည်း နားမထောင်၊ လူတစ်ယောက်အနေနဲ့ တာဝန်မယူနိုင်သေး
တာတွေကို တာဝန်ယူနိုင်တယ်ထင်ပြီး လုပ်မိတာတွေကို နောင်တမဟုတ်တောင်မှ ၀မ်းနည်းမိတာအမှန်ပဲ။ ကျွန်တော့်အတွက် ၀မ်းနည်းတာမဟုတ်ပါဘူး။ ကျွန်တော်ကြောင့်
ကျွန်တော်နဲ့ ရောပြီး အပူအပင်တွေခံစားနေရတဲ့ အခြား တစ်ယောက်အတွက်ပါ။ ကျွန်တော်ကြောင့် သူဝမ်းနည်းတာကို မလိုလားတာပါ။ Continue Reading ကိုယ်တိုင်လုပ်မှဖြစ်မှာပါ………..

မိမိကိုယ်ကိုယ် ယုံကြည်မှု

September 2, 2009 at 7:07 am | Posted in Uncategorized | Leave a comment

မိမိကိုယ်ကိုယ် ယုံကြည်မှု

သူ့ဖခင်က နိုင်ငံတကာ လှည့်လည်သွားလာနေတဲ့ သဘောင်္သားတစ်ဦးဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖခင်နဲ့အတူ ဆိပ်ကမ်းမြို့တော်တော်များများကို သူရောက်ဖူးခဲ့တယ်။

တစ်နှစ်မှာ ဖခင်က သူ့ကိုခေါ်ပြီး Vincent van Gogh နေခဲ့ဖူးတဲ့ နေအိမ်ကို သွားရောက်ကြည့်ရှုခဲ့တယ်။ ဗင်ဂိုးသုံးခဲ့ဖူးတဲ့ သစ်သားကုတင်နဲ့ ထိပ်အက်နေတဲ့ဖိနပ်ကိုတွေ့တော့ ဖခင်ကို သူတအံ့တသြမေးခဲ့တယ်။

“ဖေဖေ.. ဗင်ဂိုးက သူကြွယ်တစ်ဦးမဟုတ်လား?”

“ဗင်ဂိုးက မိန်းမတောင်မယူနိုင်ခဲ့တဲ့ ဆင်းရဲသားတစ်ဦးဖြစ်တယ်” လို့ သူ့အမေးကို ဖခင်ကပြန်ဖြေခဲ့တယ်။

နောက်တစ်နှစ်မှာ ဖခင်နဲ့အတူ ဒိန်းမတ်နိုင်ငံကို သူရောက်လာခဲ့တယ်။ အန်ဒါဆင်ရဲ့ အမှတ်တရနေအိမ်ကို သွားရောက်ကြည့်ရှုပြီး နားမလည်စွာနဲ့ ဖခင်ကိုသူမေးခဲ့ပြန်တယ်။

“ဖေဖေ.. အန်ဒါဆင်က နန်းတော်ထဲမှာနေတာ မဟုတ်လား”

“အန်ဒါဆင်က ဖိနပ်ချုပ်သမားတစ်ဦးရဲ့ သားဖြစ်တယ်။ သူ့ဘဝကို ဒီအိမ်ငယ်လေးထဲမှာပဲ ဖြတ်သန်းခဲ့တယ်” Continue Reading မိမိကိုယ်ကိုယ် ယုံကြည်မှု…

စကားကြီး ဆယ်မျိုး

August 29, 2009 at 8:24 am | Posted in Uncategorized | Leave a comment

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား ‘ဤဆယ်ပါး’ Continue Reading စကားကြီး ဆယ်မျိုး…

နတ်ကတော်နည်းလမ်းပေး….

August 29, 2009 at 7:40 am | Posted in Uncategorized | 1 Comment

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ် ပါ
သိသမျှရေရသော်
နတ်ကတော်လုပ်နည်း နိသရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။
၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။
၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။
၎) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။
၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။
၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။
၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။
၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။
၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။
၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။
၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။
၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။
၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။
၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။
၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ ၀က်ပုပ်ကလေးဖြစ်နိုင်သည် ။
၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။
၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။
၎) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။
၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။
၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။
၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျောက်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။
၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။
၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။
၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

http://ourmemories09.ning.com/ကိုသစ်ကို က( ၂၀၀၈ ဒီဇင်ဘာလ ထုတ် သောင်းပြောင်းထွေလာ ရယ်စရာ Magazine
စန်းဝင်းရှိန်(သမိုင်း)၏ ဦးလေးရှိန်က နတ်ကတော်လက်သစ် ဒေါ်ရွှေချစ်ထံပေး မေတ္တာစာ
မှ ကူးယူ ဖေါ်ပြခြင်းဖြစ်သည်။) ကူယူထားသည်ကို တဆင့်ထပ်မံပြန်လည် ကူးယူဖော်ပြပါသည်။

အတ္တနှင့်….ဆေးသကြား…

August 13, 2009 at 9:13 am | Posted in Uncategorized | Leave a comment

ကျွန်တော်ကတော့ အတ္တကို ဆေးသကြားခဲနှင့် နှိုင်းချင်ပါသည်။ ဆေးသကြားကို လိုအပ်သလောက်ပဲသုံးမည်ဆိုလျှင် ထိုအစားအ
သောက်က စားလို့ကောင်းပါသည်။ သူ့ချည်း သက်သက်ဆိုရင်တော့ ခါးပါသည်။ များလွန်းလျှင်ခါးမည်။ လုံးဝမသုံးလို့တော့မရ။ အဘယ်
ကြောင့်ဆိုသော် ကျွန်တော်တို့ လူ့လောက၊ လူ့အသိုင်းအ၀ိုင်းတွင် ကျင်လည်ကြရသည့် ပုထုဇဉ် လူသားများ ဖြစ်သောကြောင့် အတ္တနှင့်
ကင်းမည်မဟုတ်။ ဆရာကျော်ဝင်းဘာသာပြန်သည့်7 Habits မူရင်းစာရေးဆရာSEAN COVEYရေး
သားသော စာအုပ်လေးမှာ ပါသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါသည်။ မူရင်စာရေးသူ SEAN COVEY ကိုယ်တိုင်
ကလည်း ဘရုစ်ဘာတန် ၏ (THE MAN NOBODY KNOWS) ဆိုသည့် စာအုပ်ထဲမှ ထုတ်နုတ်ထားခြင်းဖြစ်သည်။

ပါလက်စတိုင်းဒေသတွင် ပင်လယ်နှစ်စင်းရှိပါသည်။ တစ်ခုသော ပင်လယ်တွင် အေးမြကြည်လင်သော ရေအယဉ် ရှိ၏။ စိမ်းစိုလန်းဆန်းသော ကမ်းနဖူး ရှိ၏။ ငါးမျိုးစုံတို့ရှင်သန် ကျက်စား ရာဖြစ်သလို၊ ကမ်းစပ်သစ်ပင်အားလုံး၏ ရေကြည်ပေးရာအေးမြကန်
သာ ဖြစ်ပါ၏။ လူတို့က ဤပင်လယ်ကို နှစ်လိုဖွယ်ရှိသောပင်လယ် (THE SEA OF CALILIE) ဟုခေါ်ကြသည်။

တစ်ခုသော ပင်လယ်တွင်မူ ညိုညစ်သော ရေပြင်အတိ ပြီး၏။ ခြောက်သယောင်းသော ကမ်းပါးတို့ဖြင့် ၀န်းရံ၏။လေပြည်မညင်း၊ ငါး
တို့မပျော်၊ သတ္တ၀ါအပေါင်းတို့ ရှောင်ကွင်းခြင်းပြုကြ၏။ လူတို့က ဤပင်လယ်ကို မရဏပင်လယ် (DEAD SEA) ဟုခေါ်ကြသည်။

ဂျော်ဒန်မြစ်ရေသည် အဆိုပါပင်လယ်နှစ်ခုသို့အညီအမျှစီးဝင်ပါသည်။ သို့နှင့်တိုင်ပင်လယ်နှစ်ခုမှာခြားနားလွန်းနေပါ၏။ အသို့နည်း။
နှစ်လိုဖွယ်ပင်လယ် ကမြစ်ရေကို လက်ခံသည်နှင့်အမျှ ပြန်ထုတ်ပေးသည်။ အ၀င်နှင့် အထွက်ညီမျှနေရာ ထာဝစဉ် စီး
ဆင်းနေပြီး ကြည်လင်နေခြင်း ဖြစ်ပါသည်။ မရဏပင်လယ်ကမူမြစ်ရေကိုလက်ခံရုံသာရှိပြီးပြန်လည်မဝေမျှ။ တွန့်တိုစွာ သိမ်းဆည်းထား
သည်။ သို့ဖြင့် ရေသေတို့ သဘာဝအတိုင်း မှုံမှိုင်းအုံ့ဆိုင်းနေခြင်းဖြစ်ပါသည်။

သင်ကိုယ်တိုင်ရွေးချယ်မည်ဆိုလျှင် မည်သို့သော ပင်လယ်ဖြစ်လိုပါသနည်း။

ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာလည်း မရဏပင်လယ်လို လူများစွာကို တွေ့ရှိရပါသည်။ အ၀င်ပဲလက်ခံသည် အထွက်မရှိ။ အယူပဲ
ရှိသည်၊ အပေးမရှိ။ တချို့တွေကတော့ ဆင်ခြေပေးချင်ပါသည်။ ကိုယ်ကပြည့်မှ သူများကို ဖြည့်လို့မယ် ဆိုတာမျိုးပေါ့။ ကိုယ်ကပြည့်မှ
ဆိုတော့ ကျွန်တော်တို့လူသားများ၏ လိုအင်ဆန္ဒများသည် အဆုံးရှိသလားဟု မေးချင်ပါသည်။ ကျွန်တော်တို့လိုအင်ဆန္ဒများသည် အ
ဆုံးမရှိပါ။ ဒါလေးမရခင်က ဒါလေးရရင်တော်ပြီဟုပြောသည်။ ဒါလေးလဲရရော ဟိုဟာလေးပါရရင်ပိုအဆင်ပြေမည်ဟု တွေးကြပြန်
သည်။ ရယူလိုက်လို့ ပျော်ရွင်သည့် အပျော်နှင့် ပေးဆပ်လိုက်လို့ ရသည့် ပီတီကပိုချိုမြိန်ပါသည်။ ဒါကိုဆရာဖေမြင့်၏ နှလုံးသားအ
ဟာရစာအုပ်ထဲတွင် ဖတ်လိုက်ရသော အကြောင်းအရာလေး တစ်ခုကို ဖောက်သည်ချချင်ပါသေးသည်။ သိပ်အတိ အကျတော့ မမှတ်
မိတော့ပါ။

အထက်တန်းကျောင်းအတူတူ တက်နေသော သူငယ်ချင်းနှစ်ယောက်ရှိပါသည်။ တစ်ယောက်ကချမ်းသာသည်။ တယောက်က
ဆင်းရဲသည်။ တနေ့ ဆင်းရဲသော သူငယ်ချင်းထံသို့ ချမ်းသာသော သူငယ်ချင်း ကား အသစ်တစ်စီးကို မောင်း၍ ရောက်လာသည်။
သူတို့ ကားအတူတူ စီး၍ မြို့အနှံ့လျှောက် မောင်းကြသည်။ ဆင်းရဲသားကောင်လေးက ကားလျှောက်မောင်းသည့် တလျောက်လုံး
တွေးတော၊ မှိုင်တွေ၍ လိုက်လာသည်။ ချမ်းသာသော ကောင်လေးက ဘာလဲ မင်းဒီလိုကားမျိုးလိုချင်လို့လား ဟုမေးသည်။
ထိုအခါ ဆင်းရဲသားကောင်လေးကဤသို့ပြန်ဖြေလိုက်သည် မဟုတ်ပါဘူးကွာ၊ငါညီလေးကို ဒီလိုကားမျိုးဝယ်ပေးချင်လို့တွေးနေတာ
ပါ၊ ငါညီလေးသာ ဒီလိုကားမျိုးရရင် တော်တော်ပျော်မှာ ဟုပြုံးပြီးတော့ ပြောလိုက်သည်။

ကိုယ့်မိဘအတွက်၊ ကိုယ့်မောင်နှမတွေအတွက်၊ ကိုယ်အသိုင်းအ၀ိုင်းအတွက်၊ ကိုယ့်ရပ်ကွက်အတွက်၊ နောက်ဆုံး ကိုယ်ကမ္ဘာကြီး
အတွက် ဆိုပြီး ဘာမျှော်လင့်ချက်မှ မထားပဲ အလုပ်တစ်ခုလောက်လုပ်ကြည့်ပါ။ ကိုယ်လုပ်တာလူအများကြီးသိဖို့ မလိုအပ်ပါဘူး။
ကိုယ်လုပ်သော အလုပ်အတွက် ဂုဏ်ယူဝင့်ကြွားစွာပြောဖို့ မလိုအပ်ပါဘူး။ ကိုယ့်လုပ်တာ ကိုယ်သိဖို့ နှင့် ကိုယ် စိတ်ကိုယ်သန့်ဖို့ပဲ
လိုအပ်ပါသည်။ သင်မျှော်လင့်ချက်မထားပေမဲ့ သင်မမျှော်လင့်သော အရာများ သင့်ဆီဆိုက်ရောက်လာပါလိမ့်မည်။

ဤစာကိုဖတ်ပြီး ပေးဆပ်တတ်သူတစ်ယောက်ဖြစ်အောင် အခုပဲစပြီးလုပ်ဆောင်မည်ဟု စိတ်ကူးလေးတစ်ချက်ရလျှင်ပင် စာ
ရေးရကြိုး နပ်ပြီဖြစ်ပါကြောင်း………….

ကျွန်တော်ရေးသည့် အကြောင်းအရာကို ကြားဖူးသည့် လူများလည်းရှိပါမည်။ မသိသေးသောသူများလည်းရှိပါလိမ်မည်။ မည်သို့ပင်
ဆိုစေ စိတ်ကြိုက်ကွန်မန့်ပေးနိုင်ပါသည်။ ညစ်ညမ်း စာသားများမှလွဲ၍

လွင်ပြင်

အနာရွတ်….ကပေးသော သင်ခန်းစာ……

August 10, 2009 at 8:36 am | Posted in Uncategorized | Leave a comment

ဟိုအရင်တုန်းက သားအဖနှစ်ယောက်ရှိပါသည်။ သားဖြစ်သူမှာ ဒေါသအရမ်းကြီးသူဖြစ်သည်။ ပတ်ဝန်းကျင်နှင့်ခဏခ
ဏ ကတောက်ကစ ဖြစ်တတ်၏။ တနေ့ ဖခင်ဖြစ်သူက သူ့သားအား ၄လက်မသံချောင်း ၁၀၀ လောက်ပါသော အထုတ်တစ်
ထုတ်ကို ပေးပြီး ငါ့သား မင်းဒေါသတစ်ခါထွက်လာတိုင်း မင်းခြံစည်းရိုးက ခြံတိုင်တွေကို အခုပေးလိုက်တဲ့
သံ ချောင်းတွေနဲ့ ရိုက်ပေတော့၊ ဒေါသတစ်ခါထွက်ရင် တစ်ချောင်းရိုက်ပေါ့ကွာ
ဟု မှာလိုက်လေသည်။

သားဖြစ်သူကလည်း အဖေပြောသည့်အတိုင်း ဒေါသတစ်ခါဖြစ်လာလျင် သံတစ်ချောင်းနှုန်းဖြင့် ခြံစည်းရိုးတိုင်တစ်တိုင်
ကို ရိုက်လေသည်။ ထိုသို့ရိုက်ရင်းဖြင့် သံချောင်းရေ ၁၀၀ ပြည့်သည့်နေ့တွင် သူလည်း အရင်လို ဒေါသမထွက်တော့ပေ။ ထို့
ကြောင့် သူအဖေကို အရင်လို ဒေါသမထွက်တော့ကြောင်း သွားပြောလေသည်။ အဖေဖြစ်သူက
ကောင်း
ပြီသား၊ ဒါဆို မင်းကို နောက်တာဝန်တစ်ခု ထပ်ပေးမယ်။ သားအခု အရင်လို ဒေါသမထွက်တော့ဘူးဆိုတော့ ဒေါသမထွက်တဲ့
ရက်တွေမှာ တစ်ရက်ကို သံတစ်ချောင်း ဆီပြန်နှုတ်
ဟုမှာလိုက်လေသည်။

နောက်ရက်တစ်ရာအကြာတွင် သားဖြစ်သူမှာ သံထုတ်ကြီးကို ကိုင်၍ ရောက်လာလေသည်။ အဖေ
ဒါဒေါသမထွက်တဲ့ ရက်တွေမှာ နှုတ်ထားတဲ့ သံချောင်းတွေပါ။ အဖေစစ်ကြည့်ပါအုံး။

မစစ်တော့ဘူးသား အဖေနဲ့သားနဲ့ သားအိမ်က ခြံစည်းရိုးကို သွားကြည့်ရအောင်
ဟုပြောကာ သားဖြစ်သူ၏အိမ်ကို သွားကြလေသည်။

အိမ်ကိုရောက်သည်နှင့် အဖေဖြစ်သူက ခြံစည်းရိုးတိုင်တွေကိုကြည့်၍ ဤသို့ပြောလေသည်။
သား၊ မင်းဒေါသထွက်တိုင်း သံရိုက်ခဲ့တဲ့ ခြံစည်းရိုးတွေကို ကြည့်ပါအုံး။ မင်းကဒေါသမထွက်တော့ လို့ပြန်
နှုတ်လိုက်ပေမဲ့လည်း ခြံစည်းရိုးတိုင်တွေက အရင်လို လှသေးလား။ တိုင်တိုင်းလိုလို အပေါက်တွေဖြစ်နေပြီ။ လူ့အသိုင်းအ၀ိုင်း
မှာလည်း ဒီလိုပဲ။ သားအခု ဒေါသမထွက်တော့ဘူးဆိုပေမဲ့ သားဒေါသထွက်တုန်းက ပြုမူခဲ့တဲ့ အပြုအမူတွေကြောင့် လူတိုင်း
ရဲ့ရင်ထဲမှာ အနာရွတ်ကိုယ်စီ ကျန်ခဲ့တယ်သားရဲ့။ နောက်ကို ဒေါသထွက်မယ်လို့ ကြံတိုင်း ဒီခြံစည်းရိုးတွေသာ မြင်ရောင်
ကြည့်ပေတော့ သားရေ။
ဟုဆုံးမစကားပြောလေသည်။

ကျွန်တော်တို့လည်း လူ့အသိုင်းအ၀ိုင်းတွင် ကျင်လည်နေကြသူများဖြစ်၍ လူများနှင့်ဆက်ဆံကြရပါသည်။ ထိုသို့ဆက်ဆံ
ရာတွင် ဘုဂလန့်ကျသည့်လူလည်းပါမည်၊ ကတ်သီးကပ်သပ် လူလည်းပါမည်၊ ဤသို့သော လူများနှင့်ဆက်ဆံရာ၌ ကျွန်ုပ်တို့
ဒေါသထွက်တတ်ပါသည်။ ထို့ပြင် ကိုယ်ကိုယ်တိုင် စိတ်မကြည့်၍၎င်း အကြောင်းတစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေ
၍၎င်း ကိုယ်ထက်ငယ်သူ၊ ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမ၊ ကိုယ်သူငယ်ချင်းများ အပေါ် ဒေါသကို ပုံချတတ်ပါသည်။
မည်သည့် အကြောင်းကြောင့်ဒေါသထွက်ထွက် ကျွန်ုပ်တို့ ဒေါသကြောင့် ကိုယ်နှင့် ဆက်ဆံသည့်လူများတွင် အနာရွတ်များ မ
ကျန်စေလိုပါ။ အကယ်၍များ ဒေါသထွက်စရာနှင့်ကြုံတွေ့လာလျင် ဒီပုံပြင်လေးကို သတိရပြီး ထွက်နေသော ဒေါသ ကိုပြန်
လည် ရုပ်သိမ်းနိုင်ခဲ့လျင် ဤစာရေးရကြိုးနပ်ပြီ ဖြစ်ပါကြောင်း…….

လွင်ပြင်

ရီချင်ရင်ဖတ်ပါ…….

August 6, 2009 at 2:18 pm | Posted in Uncategorized | Leave a comment

အဖေမှာလို့

သားဖြစ်သူဧ။်မင်္ဂလာဦးညတွင် အဖေဖြစ်သူက သူ့သားအားဤသို့မှာသည်။
”ငါ့သားမင်းမိန်းမအပျိုစစ်ရင် သေနတ်ကိုမိုးပေါ်ထောင်ပြီးတော့ပစ်လိုက်၊ မစစ်ရင်တော့မင်းမိန်းမကို ပစ်သတ်လိုက်”
ပထမည
”သားဖြစ်သူဧ။်အိမ်မှ မိုးပေါ်သို့သေနတ်ထောင်ပစ်သံကို ကြားလိုက်ရသည်။”
ဒုတိယည
”သားဖြစ်သူဧ။်အိမ်မှ သူ့မိန်းမအားသေနတ်နှင့် ပစ်သတ်သည့်အသံကိုကြားလိုက်ရသည်။”

အဖြစ်ဆိုးတဲ့သူခိုး

စခန်းမှူးးမင်းကိုဘယ်အိမ်ကနေမိတာလဲ။
သူခိုးးကျွန်တော့်အိမ်ကနေကျွန်တော့်ကိုပြန်ဖမ်းမိတာပါ။
စခန်းမှူးးဟ၊ ဘယ်လိုဖြစ်လို့တုန်း။
သူခိုးးဒီလိုပါဆရာ၊ ကျွန်တော့်အိမ်မှာကျွန်တော်ပစ္စည်းခိုးထွက်ဖို့အတွက် ပြင်ဆင်နေတုန်း ဘယ်ကမှန်းမသိတဲ့
အမူးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး ကျွန်တော့်ကိုလည်းမြင်ရော ”သူခိုးဗျို့၊သူခိုး”လို့အော်လို့
ကျွန်တော်ဒီကိုရောက်လာတာပါ ဆရာရယ်။

လွင်ပြင်

ဝှီးနတ်

August 6, 2009 at 2:14 pm | Posted in Uncategorized | Leave a comment

ဝှီးနတ်

ကျွန်တော့်ဦးလေး၏ သူငယ်ချင်းတစ်ယောက်အကြောင်းပါ။ကျွန်တော့်ဦးလေး ပြောပြတဲ့အတိုင်းပြန်ရေးပြပါမည်။

မင်းလေးနှစ်သားလောက်တုန်းက ငါရယ် မင်းအမေရယ်က ၀ါဇီ မှာ ငါတို့အစ်ကို မင်းဘကြီးပေါ့ကွာ၊ အေး….သူနဲ့အတူတူနေရတာကွ။မင်းဘကြီးကတပ်
ထဲမှာ အရာခံဗိုလ်၊ငါ ကမင်းဘကြီးတပ်ထဲမှာပဲ TE ကားကြီးတွေမောင်းတဲ့ Driver ပေါ့ကွာ။ အဲဒီ အချိန်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အ
ကြောင်းပြော ပြချင်လို့ကွ။သူ့နာမည်က သိန်းဖေတဲ့။ ငါတို့ကားသမား အချင်းချင်းက သူ့ကို သောက်ကြီးသိန်းဖေ လို့နာမည်ပေးထားတာ။
အရက်နဲ့မ
မျက်နှာသစ်၊အရက်နဲ့ ပါးလုပ်ကျင်းနေတဲ့ ငပေ၊ ငရွတ် တစ်ယောက်ပေါ့ကွာ။ သူမူးလာရင် အရာရှိပါမကျန် ပြန်ခံပြောတာ။ ဒါပေမဲ့ သူ့မှာ ကောင်းတဲ့
အကျင့်လေးတစ်ခုတော့ ရှိတယ်။ ဘယ်လောက်မူးမူး ကားမောင်းရင် တစ်ခါမှတိုက်တယ်မရှိဘူး။သူကားမောင်းတဲ့ သက်တမ်း တစ်ခါမှ ဘာဖြစ်
တယ်၊ ညာဖြစ်တယ်ဆိုပြီး အသံမကြားရဘူး၊ လူပျိုလူလွတ်ဆိုတော့ ဘယ်အချိန်ခိုင်းခိုင်း ဖင်ပေါ့နေအောင်ကိုလုပ်ပေးတာ။ အရမ်းလည်းမျက်
နှာပြောင်တော့ တပ်ထဲမှာ သူ့ကိုလူတိုင်းချစ်ကြတယ်။ တစ်ခါတုန်းက လည်းမူးပြီး တပ်ကြပ်ကြီးကို သွားဟောက်တာ၊ ဘယ်လိုဟောက်တယ်
မှတ်လဲ
“ဒီမှာတပ်ကြပ်ကြီး ခင်ဗျားဒီမှာ ဂျိုထောင်နေတယ်ကြားတယ်၊ ခင်ဗျားကို သိပ်ကြည့်လို့ရတာမဟုတ်ဘူး၊ဘာမှတ်လဲ စမုံတုန်းသွားမယ်၊ဟင်း
စမုံတုန်း တာနဲ့မလောက်ရင် စားမြုပ်ပါပြန်သွားမယ်” ဆိုပြီး သွားဟောက်တယ်တဲ့ဗျာ။ဟိုတပ်ကြပ်ကြီးကဘာပြော သွားမှန်းတောင်မသိလိုက်
ဘူး။သူပြောတာလည်းနားမလည်ဘူးလေ။ပြီးတော့မှ ငါ့ကို ခေါ်မေးတာပေါ့။ ကျော်ကျော်(ကျွန်တော့် ဦးလေးနာမည်) ငါ့ကို ဒီကောင်
ဘာတွေပြောသွားတာလဲ ကွ။ စမုံတုန်းတာတွေရော စားမြုပ်ပြန်တာတွေရော ငါ ဘာမှ နားမလည်ဘူး။ ငါ့ကို ရှင်းပြစမ်းပါဦး။
ဟုတ်ကဲ့ စမုံတုန်းတယ်ဆိုတာက ဆရာ့ကို သေမယ်လို့ပြောတာပါ။ စားမြုပ်ပြန်တာက သေရုံနဲ့မှ မလောက်ရင် အမြုပ်ထွက်အောင်ပါလုပ်လိုက်
မယ်ဆိုပြီး ပြောသွားတာပါလို့ ငါက ငါ့သူငယ်ချင်းဘက်ကနေ ပြောပေးတာပေါ့။(အဲလို ဦးလေး)။အဲဒီမှာတင် တပ်ကြပ်ကြီး
လည်းစိတ်ဆိုးပြီး ငါ့ကိုရော၊ သူ့ကိုရော သစ်တုံးဆွဲတဲ့ ဌာန ကို ပို့လိုက်ပါလေရောကွာ။ သစ်တုံးဆွဲ တယ်ဆိုတာ ကငါတို့
တပ်မှာ ဘယ်သူမှ မသွားချင်တဲ့နေရာကွ။ ပင်ပန်းလို့ မဟုတ်ဘူး။ အစားအသောက်အရမ်းရှားတယ်၊ အိပ်ရတာလဲ ကားပေါ်
မှာချည်းဆိုတော့ ဘယ်သူမှမသွားချင်ဘူးကွ။ ဆင်ရိုင်းတွေလည်းအရမ်းပေါတာ။ သစ်တွေကို ခုတ်၊ ခုတ်ပြီးတာတွေကို ဆင်
တွေနဲ့ဆွဲ၊ ပြီးရင် ငါတို့ကားပေါ်တင်။ ကားတစ်စီးပြည့်ဖို့ဆို နှစ်ရက်လောက်ကြာတယ်ကွ။ ထားလိုက်ပါတော့။ ဆင်ရိုင်းတွေ
အကြောင်းကို နောက်မှသက်သက်ရှင်းပြမယ်။ အခုတော့ ဟိုကောင့်အကြောင်းဆက်လိုက်ရအောင်။ ဒီလိုနဲ့ ငါတို့လည်း
ရိက္ခာ အပြည့်အစုံနဲ့ သွားတာပေါ့။ဘယ်လောက်ယူသွားသွား ဟိုမှာ လ၀က်လောက်လဲကြာရော ဘာရိက္ခာမှ မကျန်တော့
ဘူး။ ငါကဘာမှ မဖြစ်ပေမဲ့ ဟိုကောင် က အရက်နဲ့မျက်နှာသစ်တဲ့ ကောင်ဆိုတော့ အရက်လဲမရှိရော မျက်နှာကသုန်မုန်၊
ပိုက်ဆံတွေလက်ထဲမှာကိုင်ပြီး ၀ယ်စရာ ဆိုင်မရှိတော့ ပိုပြီးစိတ်တိုကြတာပေါ့ကွာ။ ဒီလိုနဲ့ပဲ ငါတို့ သစ်တုံးတွေ ပြည့်မဲ့နေ့
ကိုပဲစောင့်နေခဲ့တာ။နောက်နေ့နေလည်လောက်လဲရောက်ရော သူ့ကားက အရင်သစ်ပြည့်တယ်ကွ။ ဒါနဲ့ပဲ သူ့ကားအရင်
ထွက်ရတယ်ဆိုပါတော့ကွာ။ ငါ့ ကားက တ၀က်လောက်လိုသေးတာကိုးကွ။ ဒီတော့ သူကို ရွာတွေကနေ တွေ့သမျှ စားစ
ရာတွေ၊ ငါးခြောက် ငါးခြမ်းတွေ၊ မှာလိုက်တာပေါ့ကွ။ ညနေလေးနာရီလောက်ရောက်တော့ သိန်းဖေ ပြန်ရောက်လာတယ်။
အကောင်းအတိုင်းပြန်ရောက်လာတာမဟုတ်ဘူးကွ။ နဖူး မှာ ဘုသုံးဘု၊ ခြေသလုံးနှစ်ဖက်လုံးမှာလဲ ပွန်းပဲ့နေတာပေါ့။ သူ့
ကြည့်တော့လည်း ပြုံးလို့ရွင်လို့။ ငါလည်းမနေနိုင်တော့ “ ဟေ့ကောင်သိန်းဖေ မင်းမျက်နှာတွေ ခြေသလုံးတွေ ဘယ်လိုဖြစ်
လာတာလဲ” လို့မေးလိုက်တော့ “ငါ စွန်စားခဲ့လို့ရလာတဲ့ ဒါဏ်ရာဒါဏ်ချက်တွေပါကွာ၊ မမှုလောက်ပါဘူး၊ လာမင်းကို ငါ အေး
အေးဆေးဆေး ရှင်းပြမယ်” ဆိုပြီး အစ အဆုံးရှင်းပြတော့တာပါ။
သစ်စခန်းကို သွားတဲ့ လမ်းမှာရွာ သုံးရွာကိုဖြတ်ရတယ်ကွ။ ပထမတွေ့တဲ့ရွာက အိမ်ခြေ ၃၀ လောက်ရှိတယ်။ နတ်ကန္နားပွဲ
ခဏခဏလုပ်တဲ့ ရွာကွ။သူသွားတဲ့ အချိန်မှာ နတ်ကန္နားပွဲ နဲ့တည့်တည့် သွားတိုးတော့တာပဲ။ ဒါနဲ့ ပထမတော့ သူလည်းအ
မှတ်တမှတ်နဲ့ကျော်သွား တော့မလို့။ ကိုကြီးကျော် ဆိုင်းသံတွေ ကြားလည်းကြားရော နတ်ကန္နားပွဲ ဆိုတော့ အရက်ကောင်း
ကောင်းသောက်ရလောက်မယ်ဆိုပြီး ကားကိုရပ်လိုက်တယ်။ ပြီတော့ နတ်ကန္နားပွဲ ဆီသွား၊ လူတွေကြားတဲက တိုးဝှေ့ပြီး
နတ်ကနေတဲ့ နေရာကိုတန်းဝင်သွားတာပေါ့။ အထဲကလူတွေကလည်း ကြောင်ပြီးကြည့်နေတာ၊ သူကလည်း ကတုန်ကရီ
လုပ်ပြီး “မင်းတို့ငါ့ကိုမေ့ထားကြတယ်” “မင်းတို့ငါ့ကိုမေ့ထားကြတယ်” ဆိုပြီး ၀င်ပူးတော့တာပဲ။ နတ်ကန္နား ပေးတဲ့လူတွေ
ကလည်း “ကျွန်မတို့ ၃၇ မင်း ပြည့်အောင်စီစဉ် ထားပါတာ ဘာမှ မလိုပါဘူး” “အခုဝင်ပူးနေတာဘာနတ်လဲ ဆိုတာ
နှုတ်တော်ဖွင့်ပါ” လို့ပြောတာပေါ့။သိန်းဖေကလည်း “အေး နှုတ်တော်ဖွင့်စေချင်ရင် ငါ့ကိုအရက်တိုက်” ဆိုတော့ နတ်ကန္နား
ပေးတဲ့လူတွေကလည်း ဇဝေဇ၀ါ ဖြစ်နေတာပေါ့။ သူတို့ပဲ တကယ်လိုနေတာလား ဆိုပြီး အရက်တပုလင်းနဲ့ ကြက်ပေါင်တစ်
ပေါင်ကို ပေးလိုက်တာပေါ့။ သိန်းဖေလည်း အရက်ငတ်နေတာကြာပြီဆိုတော့ သူလက်ထဲရောက်လာတဲ့ အရက်ပုလင်းကို
လက်ပူအောင် ကိုင်မနေတော့ပဲ တစ်ခါတည်းမော့သောက်တော့တာပဲ။ ကြက်ပေါင်ကို ၀ါးလိုက် အရက် ကို မော့လိုက်နဲ့ အ
ရက် တပုလင်းလဲ ကုန်ရော နတ်ကန္နားပေးတဲ့လူတွေက သူ့ကိုဝိုင်းမေးကြတာပေါ့။ နောက်ဆုံးတော့ “အေး မင်းတို့သိချင်
တော့လည်း ငါ ပြောရတော့မှာကွ” “မှတ်ထား၊ ငါက ၀ှီးနတ်ကွ ၀ှီးနတ်” နတ်ကန္နားပေးတဲ့လူတွေကလည်း ကြောင်ပြီး “၀ှီး
နတ်ဆိုတာဘာလဲ၊ ရှင်းပြပါအုံး ဘုရား” ဆိုတော့ “ဟေ့ ဟိုမှာတွေ့လား” ဆိုပြီး သူ့ကားကို ညွန်ပြတော့ “တွေ့ပါတယ်ဘု
ရား” “အေး၊ အဲဒီမှာကားဘီးဆိုတာရှိတယ်၊ကားဘီးကို အင်္ဂလိပ်လို wheel(၀ှီး)လို့ခေါ်တယ်၊ အဲဒီမှာ ပါတဲ့ မူလီတွေကို
နတ်လို့ခေါ်တယ်၊ ငါက အဲဒီကားဘီးမှာပါတဲ့ နတ် ၀ှီးနတ်လို့ခေါ်သကွ” လို့လည်းပြောပြီးရောသူ့ကားဆီတန်းပြေးတာ
မြန်လွန်းလို့ အဲလောက်ပဲဒါဏ်ရာရတာတဲ့ နည်းနည်းများနောက်ကျသွားရင် ဖွတ်ဖွတ်ညက်ညက်ကြေနေလောက်ပြီ ဆိုပြီး
သူ့စွန့်စားခန်းကို အဆုံးသတ်လိုက်တာပေါ့ကွာ။ ငါ့မှာ ရီလွန်းလို့မျက်ရည်တောင်ထွက်တယ်။ အရက် အတွက် ဆို ၃၇ မင်း
တောင် ၁ပါး ထပ်တိုးမဲ့ကောင်ကွ။သူလည်း အဲဒီနေ့ကစပြီး ၀ှီးနတ်လို့ အမည်တွင်သွားတော့တာပဲကွာ…ဟား…ဟား..ဟား..
……………………………ဟား…ဟား…ဟား………..။

လွင်ပြင်

« Previous PageNext Page »

Blog at WordPress.com.
Entries and comments feeds.